DVB Logo
Home
မြန်မာသတင်း
အောက်ခြေဝန်ထမ်းများ အရင်ပုံစံအတိုင်း ခေါက်ရိုးကျိုးနေဆဲဟု သူရဦးတင်ဦးပြော
DVB
·
March 26, 2017
အောက်ခြေဝန်ထမ်းများ အရင်ပုံစံအတိုင်း ခေါက်ရိုးကျိုးနေဆဲဟု သူရဦးတင်ဦးပြော
Donate to DVB

အစိုးရသစ်လက်ထက် ဒီမိုကရေစီဖော်ဆောင်ရာမှာ အောက်ခြေဝန်ထမ်းများက အရင်ပုံစံအတိုင်းဖြစ်နေပြီး ပြောင်းလဲမှုနောက် လိုက်ပါမှုမရှိသေးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ပြောဆိုလိုက်ပါတယ်။

သူရဦးတင်ဦးဟာ မတ်လ ၂၆ ရက်နေ့ မနက်က မုံရွာမြို့ရှိ ပြည်သူ့အားကစားကွင်းအတွင်း အဖွဲ့အချုပ်ပါတီဝင်တွေနဲ့ မြို့ခံပြည်သူတွေကို လာရောက်တွေ့ဆုံစဉ်မှာ အခုလို ပြောဆိုလိုက်တာပါ။

“အောက်ခြေဝန်ထမ်းတွေအနေနဲ့ အစိုးရပြောင်းလဲပေသော်ငြားလည်း အရင်ပုံစံအတိုင်းပဲ ခေါက်ရိုးကျိုးနေတာကို တွေ့ရတယ်။ ဒါပေမယ့် NLD အစိုးရအနေနဲ့ကတော့ အုပ်ချုပ်ရတဲ့ ကာလသက်တမ်းမှာ အတတ်နိုင်ဆုံး ပြုပြင်ပေးသွားမှာပါ။”

အခုလို တွေ့ဆုံရာမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပါဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မြို့ခံပြည်သူတွေအနေနဲ့ အပြောင်းအလဲ တခုဖော်ဆောင်ရာမှာ အစိုးရအဖွဲ့နဲ့အတူ ဝိုင်းဝန်းကူညီကြဖို့လည်း တိုက်တွန်းသွားပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013