DVB Logo
Home
မြန်မာသတင်း
ကုလ၏ မြန်မာ့လူ့အခွင့်အရေးဆုံးဖြတ်ချက် ပြည်ခိုင်ဖြိုး ပြင်းထန်စွာ ကန့်ကွက်
DVB
·
March 26, 2017
ကုလ၏ မြန်မာ့လူ့အခွင့်အရေးဆုံးဖြတ်ချက် ပြည်ခိုင်ဖြိုး ပြင်းထန်စွာ ကန့်ကွက်
Donate to DVB

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး ပယ်ချလိုက်ပါတယ်။

မတ်လ ၂၅ ရက်က ထုတ်ပြန်ခဲ့တဲ့ ပါတီရဲ့ ကြေညာချက်ထဲမှာ မည်သည့် နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့နဲ့ အဖွဲ့ရုံးခွဲ ဖွင့်လှစ်ခြင်းတို့ကိုလည်း လက်မခံဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပါတီအနေနဲ့  မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ စွက်ဖက်ရာရောက်တဲ့ မည်သည့် လုပ်ရပ်နဲ့ လုပ်ငန်းစဉ်ကိုမဆို ပြည်သူလူထုနဲ့အတူ ဆန့်ကျင်ကာကွယ်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

အစိုးရ၊ နိုင်ငံရေးပါတီများနဲ့ ပြည်သူလူထုတရပ်လုံးကလည်း ဒီလို လုပ်လာတာမျိုးကို ပြတ်ပြတ်သားသား ဆန့်ကျကြပါလို့ ပြည်ခိုင်ဖြိုးပါတီက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံကို ကုလသမဂ္ဂက လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်မယ့်ကိစ္စကို အစိုးရကလည်း လက်မခံ ပယ်ချခဲ့ပြီးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့စေလွှတ်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်သူ မစ္စ ယန်ဟီးလီ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်အပါ အ၀င် နိုင်ငံတကာက မတ်လ ၂၄ ရက်မှာ  တောင်း ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013