DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် တရားမ၀င် မှောင်ခိုနွားများ ဖမ်းမိ
DVB
·
March 26, 2017
အင်းတော်မြို့နယ်တွင် တရားမ၀င် မှောင်ခိုနွားများ ဖမ်းမိ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နတ်မဟုတ်ကလေးကျေးရွာ အနောက်ဘက် ၄ - မိုင်ခန့်လောက်အကွာမှာ မတ်လ ၂၅ ရက် ည ၁၁ နာရီကျော်လောက်က မှောင်ခိုနွားတွေ ဖမ်းဆီး ရမိခဲ့ပါတယ်။

အင်းတော်မြို့မ ရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ စောင့်ဆိုင်းနေတုန်း ပျဉ်ထောင်ကုန်း ကျေးရွာဘက်ကနေ နတ်မဟုတ်ကလေး ကျေးရွာဘက်ကို မောင်းနှင်လာတဲ့ ဝင်းစိုးနဲ့ အောင်ကိုဝင်းတို့ကို  သက်သေခံ မှောင်ခိုနွားတွေနဲ့ အတူ တွေ့ရှိ ဖမ်းမိခဲ့တာလို့ အင်းတော်မြို့မ ရဲစခန်းက ပြောပါတယ်။

နွားအထီး ၅ ကောင် စုစုပေါင်း ကာလတန်ဖိုး ၁၉ သိန်း နီးပါး ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

တရားမဝင် မှောင်ခိုနွားတွေကို ညအချိန်မတော် မောင်းနှင်လာပြီး စာရွက်စာတန်း အထောက်အထား တစ်စုံတရာ ပြသနိုင်ခြင်း မရှိတဲ့အတွက် ပျဉ်ထောင်ကုန်းကျေးရွာနေ ဝင်းစိုး အသက် ၃၇ နဲ့ အောင်ကိုဝင်း အသက် ၃၂ တို့ နှစ်ဦးကို အင်းတော်မြို့မ ရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013