DVB Logo
Home
မြန်မာသတင်း
လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများလုပ်ရန် နည်းပညာနှင့် အရင်းအနှီး ထောက်ပံ့ပေးမည်
DVB
·
March 26, 2017
လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများလုပ်ရန် နည်းပညာနှင့် အရင်းအနှီး ထောက်ပံ့ပေးမည်
1 / 4
Donate to DVB

လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းတွေ လုပ်မယ်ဆိုရင် အရင်းအနှီးနဲ့ နည်းပညာကအစ ထောက်ပံ့ပေးမယ်လို့ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရင်း လူထုကို အကျိုးဖြစ်နိုင်မယ့် လုပ်ငန်းတွေ နည်းနေသေးပြီး နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံသူတွေပဲ အဓိက လုပ်နေကြသေးတာပါ။

“ကျနော်တို့မှာက ဒီလိုလုပ်ဖို့ လူမရှိဘူး။ ပြီးတော့ အရင်းအနှီးမရှိဘူး။ နိုင်ငံခြားသာေးတွ လုပ်နိုင်တယ်ဆိုတာက အရင်းနှီးအထောက်အပံ့ရှိတယ်။ မြန်မာအချင်းချင်းလုပ်မယ်ဆိုရင် ထောက်ပံ့မယ့်သူ၊ ရင်နှီးမြှုပ်နှံမယ့်သူ မရှိဘူး။ နောက် အခက်အခဲတွေလည်း ရှိတဲ့အတွက် လုပ်နိုင်မယ့် အကန့်အသတ်တွေ များပါတယ်” လို့ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

ဒီအတွက် တကယ်လုပ်ချင်စိတ်ရှိတဲ့သူတွေကို မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းအနေနဲ့ အရင်းအနှီး အထောက်အပံ့အပြင် နည်းပညာနဲ့ ဈေးကွက်ရှာတာတွေပါ လုပ်ပေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။

တချို့ကလည်း ပရဟိတ လုပ်တာမျိုးနဲ့ ခွဲခြား နားမလည်နိုင်ကြသေးဘူးလို့လည်း စီးပွားရေး ပညာရှင်တွေက ပြောပါတယ်။ လူမှုအကျိုးပြုစီးပွားရေးကို လူတွေ ပိုနားလည်လာနိုင်ဖို့ ဖိုရမ်တစ်ခုကို ရန်ကုန်မြို့မှာ မတ်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

“ဒီဖိုရမ်ကြောင့် လူတွေအနေနဲ့ လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းတွေ ဆိုတာ ဘာလဲ၊ မြန်မာနိုင်ငံမှာ ဘယ်ကဏ္ဍက လုပ်နေလဲ။ နိုင်ငံတကာမှာရော ဘယ်လောက်အထိ တိုးတက်နေပြီလဲ သိသွားမှာပါ” လို့  မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း တွဲဘက်အတွင်းရေးမှူး ဦးဝင်းထက်မောင်မောင်က ပြောပါတယ်။

ပြီးတော့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဗြိတိသျှကောင်စီ မြန်မာနဲ့ လက်တွဲပြီး ဆက်လုပ်သွားဖို့ ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံတွင်းမှာ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်မယ့် စီးပွားရေး စွမ်းဆောင်မှု မူဝါဒကို ရေးဆွဲနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013