DVB Logo
Home
မြန်မာသတင်း
အိမ်ထောင်ရှင်အမျိုးသမီး ၅ ယောက်တွင် ၁ ယောက် အကြမ်းဖက်ခံရ
DVB
·
March 25, 2017
အိမ်ထောင်ရှင်အမျိုးသမီး ၅ ယောက်တွင် ၁ ယောက် အကြမ်းဖက်ခံရ
Donate to DVB

အိမ်ထောင်ရှင်အမျိုးသမီး ၅ ယောက်မှာ ၁ ယောက်ဟာ အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်ခြင်း ခံနေကြရတယ်လို့ မြန်မာနိုင်ငံလူနေမှုဘ၀နဲ့ ကျန်းမာရေးဆိုင်ရာစစ်တမ်းမှာ ဖော်ပြလိုက်ပါတယ်။

အခုလ ၂၃ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံလူနေမှုဘ၀နဲ့ ကျန်းမာရေးဆိုင်ရာ စစ်တမ်း ၂၀၁၅-၂၀၁၆ ထုတ်ပြန်ဆွေးနွေးပွဲ အခန်းအနားမှာ တင်ပြခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

“အိမ်ထောင်ရှိ အမျိုးသမီး ၅ ယောက်မှာ ၁ယောက်ဟာ အိမ်ထောင်ဘက်၏ အကြမ်းဖက်ခြင်း ခံရဖူးသူများ ဖြစ်ကြပါတယ်၊ အိမ်ထောင်ရှိ အမျိုးသမီးများအနက် ၁၅ ရာခိုင်နှုန်းဟာ ခင်ပွန်းသည်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို တွေ့ကြုံခဲ့ဖူးကြပြီး ၁၄ ရာခိုင်နှုန်းက စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ၃ ရာခိုင်နှုန်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို တွေ့ကြုံ ခံစားဖူးကြပါတယ်။”

အခုလို စစ်တမ်းမျိုးကို မြန်မာနိုင်ငံမှာ ပထမဆုံး ကောက်ယူနိုင်ခဲ့တာဖြစ်ပြီး အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော်၊ အမျိုးသမီးပေါင်း ၁၂၀၀၀ ကျော်နဲ့ အမျိုးသား ၄၇၀၀ ကျော်တို့ကို မေးမြန်းပြီး ကောက်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၅ နှစ်ကနေ ၄၉ နှစ်ကြား အမျိုးသမီးများကို မေးမြန်းပြီး ကောက်ယူခဲ့တာဖြစ်သလို စစ်တမ်းမှာ လူဦးရေ၊ ကျန်းမာရေးနဲ့ အာဟာရစီမံချက်များကိုလည်း စောင့်ကြည့်လေ့လာခဲ့ပါတယ်။

ဒီလို စစ်တမ်းကောက်ယူနိုင်ဖို့အတွက် USAID နဲ့ 3MDGs အဖွဲ့တွေက ငွေကြေးထောက်ပံ့ခဲ့ပြီး အခု ကျန်းမာရေးစစ်တမ်းကောက်ယူချက်များအရ အိမ်ထောင်စုအခြေအနေတွေနဲ့ လူဦးရေ၊ အိမ်ထောင်ပြုတာနဲ့ လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေ၊ ကလေးမွေးဖွားနှုန်း စတဲ့အကြောင်းအရာများကိုလည်း အစီရင်ခံစာထဲ ထဲ့သွင်း ဖော်ပြ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013