DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် ခိုးရာပါဆိုင်ကယ်နှင့်အတူ အမျိုးသားတဦး ဖမ်းမိ
DVB
·
March 25, 2017
ကလေးမြို့တွင် ခိုးရာပါဆိုင်ကယ်နှင့်အတူ အမျိုးသားတဦး ဖမ်းမိ
Donate to DVB

ကလေးမြို့ နတ်ချောင်းကျေးရွာမှာ ဒီနေ့မနက်ပိုင်း ၈ နာရီလောက်က ခိုးရာပါ ဆိုင်ကယ်နဲ့အတူ အမျိုးသားတဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ကလေးမြို့မ ရဲစခန်းက ရဲအုပ်သိန်းဆောင်က ပြောပါတယ်။

“ဆိုင်ကယ်ကို အဲဒီရွာမှာ လိုက်ရောင်းနေတာ။ ဒါနဲ့ ဆိုင်ကယ်ဝယ်မယ့်သူက လိုင်စင်ဘာညာ မေးတော့ မဖြေနိုင်ဘူး။ အဲဒါနဲ့ မသင်္ကာဖြစ်ပြီး စစ်လိုက်တော့ ဆိုင်ကယ်က ခိုးထားတဲ့ ဆိုင်ကယ်ဖြစ်နေတာနဲ့ အဲဒီ ဆိုင်ကယ်နဲ့အတူ ဖမ်းဆီးပြီး ဥပဒေအတိုင်း အရေးယူနိုင်ဖို့ အမှုဖွင့်ထားတယ်” လို့ ရဲအုပ်သိန်းဆောင် ကဆက်ပြောပါတယ်။

ဆိုင်ကယ်ခိုးမှုနဲ့ အမှုဖွင့်ခံရတဲ့ အမျိုးသားကတော့ ကလေးမြို့ သာစည်ရွာမျာနေတဲ့ ဘိုနိုင် ဆိုတဲ့ အမျိုးသားဖြစ်ပြီး နံပါတ်မပါတဲ့ CANDA 125 အမျိုးအစားဆိုင်ကယ် (၁) စီး နဲ့ အတူ ဖမ်းဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။

“လက်ရှိတော့ ဆိုင်ကယ်ခိုးထားတာ ဘယ်နှစီး ရှိလဲ ထပ်စစ်နေတယ်။ လောလောဆယ် သက်သေ ဆိုင်ကယ်ရယ်၊ နောက်တစီးရယ်တော့ တွေ့ထားပြီးပြီ။ နောက်ထပ် ဆက်လက်စစ်ဆေးနေပါတယ်” လို့ ရဲအုပ်သိန်းဆောင်က ဆက်ပြောပါတယ်။

ခိုးရာပါ ဆိုင်ကယ်နဲ့အတူ ဖမ်းဆီးမိထားတဲ့ ဘိုနိုင်ကိုတော့ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ / ကျင့် ၅၄ နဲ့ ရဲအုပ်သိန်းဆောင် ကိုယ်တိုင် တရားလိုလုပ်ပြီး အမှုဖွင့် တိုင်ကြားထားပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013