DVB Logo
Home
မြန်မာသတင်း
ဝန်းသိုမြို့နယ်တွင် တရားမ၀င်​ကျွန်းသစ်​နှင့်​ သစ်​ခွဲသားများ ဖမ်းမိ
DVB
·
March 25, 2017
ဝန်းသိုမြို့နယ်တွင် တရားမ၀င်​ကျွန်းသစ်​နှင့်​ သစ်​ခွဲသားများ ဖမ်းမိ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ၀န်းသိုမြို့နယ်၊ နန်းခမ်းကြိုးဝိုင်းနှင့် ညောင်ပင်သာ ကြိုးပြင်ကာကွယ်တောအတွင်း မတ်လ ၂၄ ရက်က တရားမ၀င် ကျွန်းသစ်၊ ကျွန်းခွဲသားတွေနဲ့ သစ်စက်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ကသာခရိုင် သစ်တောဦးစီးဋ္ဌာနမှလ/ထညွှန်ကြားရေးမှူး ဦးသောင်းနိုင်ခေါင်းဆောင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ၀န်းသိုမြို့နယ်၊ နန်းခမ်းကြိုးဝိုင်းနဲ့ ညောင်ပင်သာ ကြိုးပြင်ကာကွယ်တောအတွင်း သတင်းအရ ၀င်ရောက်ရှာဖွေရာ တရားမ၀င် ကျွန်းသစ်လုံး၊ ကျွန်းခွဲသား ၃၀ ဒသမ ၅၅၃၂ တန်၊ သစ်စက် ၃ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့ပြီး ပိုင်ရှင်တွေ ထွက်ပြေးသွားလို့ ဖမ်းဆီးရမိနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကိုကျော်(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013