DVB Logo
Home
မြန်မာသတင်း
ကလေးငယ်နှစ်ဦး သေဆုံးခဲ့သည့် ဆိုင်ကယ်တိုက်မှု ၆ ရက်အတွင်း တရားခံကို ဖမ်းမိ
DVB
·
March 25, 2017
ကလေးငယ်နှစ်ဦး သေဆုံးခဲ့သည့် ဆိုင်ကယ်တိုက်မှု ၆ ရက်အတွင်း တရားခံကို ဖမ်းမိ
Donate to DVB

ကလေးမြို့၊ မြို့သာရပ်ကွက် ကလေး-ဂန့်ဂေါလမ်းမကြီးပေါ်မှာ မတ်လ ၁၃ ရက်နေ့က ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပါတယ်။

ယာဉ်တိုက်မှုမှာ တိုက်ပြီး ထွက်ပြေးတိမ်ရှောင်သူကို ကလေးမြို့ ရဲတပ်ဖွဲ့က အခင်းဖြစ်ပြီး ၆ ရက်အတွင်း ဖမ်းဆီးဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

“အဲဒီနေ့က ဆိုင်ကယ်တိုက်မှုဖြစ်ပြီး ကျနော်တို့အနေနဲ့ အဲဒီနေရာကို သွားတယ်။ တိုက်သွားပြီး မောင်းပြေးတဲ့ ဆိုင်ကယ် အပိုင်းအစလေးရတယ်။ အဲဒါနဲ့ ပတ်ဝန်းကျင်မှာ စုံစမ်းရင်း ဆိုင်ကယ်ရှိတဲ့ အိမ်ကိုတွေ့တယ်။ တိုက်မိတဲ့သူက ဆိုင်ကယ်ပိုင်ရှင်မဟုတ်ဘူး။ သူများဆိုင်ကယ်ငှားစီးလာတာ။ ဒီလူကို ဖော်နိုင်တာကလည်း ပတ်ဝန်းကျင်လူထု ကြောင့်ပါ။ အဲဒီကပဲ သတင်းတွေ ရခဲ့တာ။” လို့ ကလေးမြို့မ ရဲစခန်းမှူးး ဒုရဲမှူး သက်နိုင်ဦးက ပြောပါတယ်။

သေဆုံးတဲ့ ကလေးနှစ်ဦးဟာ အသက် ၁၃ နှစ်၊ ၁၄ နှစ် အရွယ်တွေဖြစ်ပြီး သေဆုံးခဲ့တဲ့နေ့က မိသားစုနဲ့ ဆက်စပ်သူမပေါ်ခဲ့ဘဲ ညနေ ၅ နာရီ ကျော်မှ ကလေးတွေရဲ့ မိသားစုနဲ့ အဆက်အသွယ် ရခဲ့တယ်လို့ သိရပါတယ်။

ကလေးတွေကို ဆိုင်ကယ်နဲ့တိုက်ပြီး တိမ်းရှောင်ခဲ့သူကတော့ ဇော်မြင့် (ခ) ဖိုးဇော် ဆိုသူဖြစ်ပြီး ကလေးဒေသက မဟုတ်ဘဲ မော်လိုက်မြို့ပေါ်နေထိုင်သူ ဖြစ်ပြီး ကလေးမြို့ကို အလုပ်ကိစ္စလာရင်း တိုက်မိခဲ့တာပါ။

တရားခံ ဇော်မြင့်(ခ) ဖိုးဇော် ကို အခင်းဖြစ်ပွားရာ ရပ်ကွက်က သူ့မိတ်ဆွေအိမ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့က ရာဇသတ်ကြီး ပုဒ်မ-၄၀၂ (က) နဲ့ အမှုဖွင့် စစ်ဆေးနေဆဲပါ။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013