DVB Logo
Home
မြန်မာသတင်း
ဆိုင်ကယ်တက္ကစီ ​ဈေး​နှုန်း​မြင့်​သည့်​အတွက် ကျောင်း​သား​များ ဆန္ဒပြ
DVB
·
January 6, 2012
ဆိုင်ကယ်တက္ကစီ ​ဈေး​နှုန်း​မြင့်​သည့်​အတွက် ကျောင်း​သား​များ ဆန္ဒပြ
Donate to DVB

စစ်​တွေတက္ကသိုလ်မှာ ဆိုင်ကယ်တက္ကစီ ​ဈေး​နှုန်း​မြင့်​သွား​တဲ့​အတွက် တက္ကသိုလ်​ကျောင်း​သား​တွေ ဒီက​နေ့​ ​နေလယ် ၁၁ နာရီကစပြီး​ ဆန္ဒပြကြပါတယ်။

[caption id="attachment_19745" align="alignright" width="300" caption="စစ်တွေတက္ကသိုလ်"][/caption]

ကျောင်း​သား​ ​ထောင်နဲ့​ချီပြီး​ ​ကျောင်း​ဝင်ထဲမှာ ကား​ခ​တွေ ​ဈေး​ချ​ပေး​ပါလို့​ ​အော်ဟစ် ဆန္ဒပြကြတဲ့​အခါ ဆရာ ဆရာမ​တွေက ​ကျောင်း​ဝင်း​ကို ပိတ်လိုက်တယ်လို့​ ကိုယ်တိုင်ပါဝင်တဲ့​ ဆန္ဒပြ ​ကျောင်း​သူတဦး​က ​ပြောပါတယ်။

ဆန္ဒပြတာနဲ့​ ပတ်သက်ပြီး​ တက္ကသိုလ်​ကျောင်း​သူက “ကျမတို့​ ၅ ရက်​နေ့​က​နေ အတန်း​တွေမှာ အစ်ကို​တွေက လိုက်ပြီး​တော့​ လက်မှတ်ထိုး​ဖို့​ စု​ဝေး​ကြပါတယ်ရှင့်​။ ၆ ရက်​နေ့​ ၁၁ နာရီကစပြီး​တော့​ ​ကျောင်း​ဝင်း​ထဲက​နေ ဆန္ဒပြကြပါတယ်။ ဆိုင်ကယ် ကယ်ရီခတ်ခစီက ကြား​အောင်လို့​ ဆန္ဒပြပါတယ်။ ဆရာဆရာမ​တွေက ကိုယ့်​အခန်း​တွေကို ဝင်ကြ ဝင်ကြလို့​ ​ပြောပါတယ်။ အဲဒီ​တော့​ ​ကျောင်း​သား​တွေက မဝင်ကြဘဲနဲ့​ ​အော်ဟစ်ပြီး​ ဆန္ဒပြပါတယ်။ အဝက​နေ ​အော်ကြပါတယ်။ ကား​ခ ​ဈေး​ချ​ပေး​ပါလို့​ ​အော်ကြပါတယ်။ ​နောက်ပြီး​တော့​ ​ကျောင်း​တံခါး​ဖွင့်​ပေး​ပါလို့​ ​အော်ကြပါတယ်။”

၅ ရက်​နေ့​မှာ ​ကျောင်း​သား​တွေ လက်မှတ်ထိုး​ စည်း​ရုံး​ခဲ့​ပြီး​ ၆ ရက်​နေ့​မှာ ​ကျောင်း​ဝင်အတွင်း​ ဆန္ဒပြတာလို့​ ​ပြောပြသွား​တာပါ။

ဆရာ ဆရာမ​တွေက ဆန္ဒပြ​ကျောင်း​သား​တွေကို မိမိတို့​ သက်ဆိုင်တဲ့​ အခန်း​အသီး​သီးကို ဝင်ဖို့​ ​ပြော​ပေမယ့်​ ​ကျောင်း​သား​တွေက အခန်း​ထဲမဝင်ဘဲ ​ကျောင်း​ဝင်အတွင်း​မှာပဲ ဆန္ဒပြကြပါတယ်။

၁၁ နာရီက​နေ ဆန္ဒပြခဲ့​တာ ည​နေ ၃ နာရီ​လောက်မှာ ဆရာ ဆရာမ​တွေက လူစုခွဲဖို့​ ကြိုး​စား​လာတယ်လို့​ ဆန္ဒပြ ​ကျောင်း​သား​တွေက ​ပြောကြပါတယ်။

ဆရာဆရာမ​တွေ လူစုခွဲဖို့​ ကြိုး​စား​ခဲ့​တဲ့​အ​ကြောင်း​ကို အဆိုပါ ဆန္ဒပြ​ကျောင်း​သူက အခုလို ​ပြောပါတယ်။

“ကိုယ့်​အခန်း​ ကိုယ်ဝင်ကြ၊​ သွား​ကြဆိုပြီး​တော့​ ​ပြောပါတယ်။ မဝင်ဘူး​ အခန်း​ထဲကို လုံး​ဝမဝင်ဘူး​လို့​ ​ပြောကြပါတယ်။ ဆရာမက ဝင်ဖို့​ အဓမ္မ​ပြောပါတယ်။ သမီး​တို့​က မဝင်ဘူး​လို့​ ​ပြောပါတယ် ကိုယ့်​နေရာနဲ့​ ကိုယ်​နေကြပါတယ်။ ဆရာ ဆရာမ​တွေက အကုန်လုံး​ အဝ​တွေမှာ ရပ်ပြီး​တော့​ ​ကျောင်း​က ဆိုင်ကယ်တက်ခစီတစီး​ကို အဝမှာ ရပ်ပြီး​တော့​ ၅ ​ယောက်ဆို ၅ ​ယောက်၊​ ၁၀ ​ယောက်ဆို ၁၀ ​ယောက် တင်​ပေး​ပါတယ်။ ဒါ​ပေမယ့်​ တင်ပြီး​တော့​ ​ကျောင်း​သား​တွေက အကုန်လုံး​ ခုန်ဆင်း​ကြပါတယ်။ ​နောက်ပြီး​တော့​ ဆရာ ဆရာမ​တွေ ဆင်း​ပြီး​ အဓမ္မ ​ခေါ်သွား​ပါတယ်။ ​ခေါ်သွား​တော့​ ​ကျောင်း​သား​တွေက အကုန်လုံး​ ခုန်ဆင်း​ကြတယ်။ ဆီ​ဈေး​ ကျဖို့​အတွက်ကို ​တောင်း​ဆိုချင်ပါတယ်။”

အစိုး​ရက ဓာတ်ဆီ​ဈေး​နှုန်း​ကို မြင့်​လိုက်တဲ့​အတွက် ဆိုင်ကယ်တက္ကစီခ ၁၀၀ ကျပ်က​နေ ၂၀၀ ကျပ်ဖြစ်သွား​လို့​ ​ကျောင်း​သား​တွေ ဆန္ဒပြကြတယ်လို့​လည်း​ ​ပြောပါတယ်။

“ဆိုင်ကယ်ကယ်ရီက ၂၀၀ ဆို​တော့​ သမီး​တို့​မှာ ဘယ်လိုမှ မတက်နိုင်ပါဘူး​။ သမီး​တို့​ မုန့်​ဖိုး​က ၅၀၀ ပဲ ရတာပါ။ မုန့်​ဖို့​က ၅၀၀ ဆိုင်ကယ် ကယ်ရီခက အသွား​အလာ ၄၀၀ ဆို​တော့​ သမီး​တို့​အ​နေနဲ့​ မုန့်​စား​ဖို့​ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး​ အဲဒါ​ကြောင့်​ ဆန္ဒပြတာပါ။”

လုံခြုံ​ရေး​တပ်ဖွဲ့​တွေ​တော့​ တက္ကသိုလ်အနီး​ကို လာ​ရောက်တာ မ​တွေ့​ရဘူး​လို့​ စစ်​တွေမြို့​ခံ​တွေက ​ပြောပါတယ်။ ဒီဗွီဘီက ည​နေ ၄ နာရီ ​လောက်အထိ ဆက်သွယ်ခဲ့​ရာမှာ ​ကျောင်း​သား​ ၂၀၀၀ ​လောက် စစ်​တွေတက္ကသိုလ် ဝင်း​ထဲမှာ ဆက်ရှိ​သေး​တယ်လို့​လည်း​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013