DVB Logo
Home
မြန်မာသတင်း
ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် အန်ဒီအက်ဖ် အကြို ​ဆွေး​နွေး
DVB
·
January 6, 2012
ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် အန်ဒီအက်ဖ် အကြို ​ဆွေး​နွေး
Donate to DVB

လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်​တွေအတွက် ဝင်ပြိုင်နိုင်ဖို့​ ပြည်နယ်နဲ့​တိုင်း​အစည်း​အ​ဝေး​ကို အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ (အန်ဒီအက်ဖ်) က ဒီက​နေ့​ အကြို ​ဆွေး​နွေး​ညှိနှိုင်း​မှု ပြုလုပ်ပါတယ်။

ဧရာဝတီတိုင်း​နဲ့​ ပဲခူး​တိုင်း​က ဝင်​ရောက် ယှဉ်ပြိုင်မယ့်​ တိုင်း​ဒေသကြီး​အလိုက် ပါတီဝင် ကိုယ်စား​လှယ်​တွေနဲ့​ မင်္ဂလာ​တောင်ညွန့်​မြို့​နယ် အန်ဒီအက်ဖ် ပါတီရုံး​ချုပ်မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ကြတာပါ။

“လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ တိုင်း​ဒေသကြီး​အလိုက် လစ်လပ်တဲ့​ ​နေရာ​တွေ ရှိတယ်​ပေါ့​ဗျာ။ အဲဒီရှိတဲ့​နေရာမှာ ဘယ်သူ​တွေ ဝင်ကြမလဲ၊​ ဘယ်သူ​တွေ ဝင်နိုင်မယ်​ပေါ့​။ အဲဒီအ​ပေါ်မှာ အကြို​ဆွေး​နွေး​ ​ပြောဆိုတာပါ။ ​နောက်တဆင့်​ အပြီး​သတ် ​ဆွေး​နွေး​ဖို့​ ကျန်ပါ​သေး​တယ်” လို့​ ပဲခူး​တိုင်း​ဒေသကြီး​ သနပ္ပင် မဲဆန္ဒနယ်မှာ ဝင်​ရောက်ယှဉ်ပြိုင်မယ့်​ ဦး​အောင်မျိုး​ဝင်း​က ​ပြောသည်။

တနိုင်ငံလုံး​ အတိုင်း​အတာနဲ့​ လာမယ့်​ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ လစ်လပ်​နေရာ ၄၈ ​နေရာရှိပြီး​ အန်ဒီအက်ဖ်အ​နေနဲ့​ ၁၇ ​နေရာ​လောက် ဝင်​ရောက် ယှဉ်ပြိုင်ဖို့​ လျာထား​တယ်လို့​ သိရပါတယ်။

ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲမှာ ၁၆ ​နေရာ အနိုင်ရရှိထား​တဲ့​ အန်ဒီအက်ဖ်အ​နေနဲ့​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ အရင်ပါတီ​ဟောင်း​ အန်အယ်လ်ဒီပါတီနဲ့​ အပြိုင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲတုန်း​ကလိုပဲ အခုလည်း​ တိုင်း​ဒေသကြီး​ လွှတ်​တော်ကို ဝင်​ရောက် ယှဉ်ပြိုင်ဖို့​ မရှိဘူး​လို့​လည်း​ ဆိုပါတယ်။

ဝင်​ရောက် ယှဉ်ပြိုင်မယ့်​ ပါတီကိုယ်စား​ပြု ကိုယ်စား​လှယ်​တွေအ​နေနဲ့​ ​ရွေး​ကောက်ပွဲမှာ ကုန်ကျမယ့်​ အသုံး​စရိတ်တချို့​နဲ့​ ပတ်သက်ပြီး​ ကိုယ်စား​လှယ်​လောင်း​ တချို့​က ပါတီက ကျခံရန်လည်း​ ထည့်​သွင်း​ပြောဆို ​ဆွေး​နွေး​သွား​ခဲ့​တယ်လို့​ ဆိုပါတယ်။

ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်​ရောက် ယှဉ်ပြိုင်မယ့်​ ပါတီ ကိုယ်စား​လှယ် ​လောင်း​တွေကို ဇန်နဝါရီ ၁၆ ရက်က​နေ ၃၀ ရက်အတွင်း​ အပြီး​ စာရင်း​ပေး​သွင်း​ရမှာ ဖြစ်​ကြောင်း​ ​ရွေး​ကောက်ပွဲ​ကော်မရှင်က ​ကြေညာထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် အန်ဒီအက်ဖ် အကြို ​ဆွေး​နွေး