DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာကုမ္ပဏီများနှင့် စက်သုံးဆီယှဉ်ရောင်းရန် ပြည်တွင်းလုပ်ငန်းရှင်များအသင့်မဖြစ်သေး
DVB
·
March 25, 2017
နိုင်ငံတကာကုမ္ပဏီများနှင့် စက်သုံးဆီယှဉ်ရောင်းရန် ပြည်တွင်းလုပ်ငန်းရှင်များအသင့်မဖြစ်သေး
Donate to DVB

မြန်မာနိုင်ငံမှာ သင်နိုင်ငံတကာက စက်သုံးဆီအရောင်းလုပ်ငန်းကြီးတွေနဲ့ အပြိုင်အဆိုင်ရောင်းချဖို့ အဆင်သင့်မဖြစ်သေးဘူးလို့  ပြည်တွင်းစက်သုံးဆီ လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

ပြည်တွင်းက စက်သုံးဆီအရောင်းလုပ်ငန်းတွေဟာ နိုင်ငံတကာက စက်သုံးဆီ အရောင်းလုပ်ငန်းတွေနဲ့ ဈေးကွက်မှာ အပြိုင်အဆိုင် ရောင်းချနိုင်တဲ့ စွမ်းရည်မရှိသေးတာကြောင့် အချိန်တစ်ခုပေးပြီးမှ နိုင်ငံတကာ ကုမ္ပဏီတွေကို ပြည်တွင်းမှာလုပ်ကိုင်ခွင့်ပေးသင့်တယ်လို့ စက်သုံးဆီ လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် ကပြောပါတယ်။

ပြည်တွင်းမှာ ရောင်းချနေတဲ့စက်သုံးဆီတွေဟာ အရည်အသွေးမပြည့်မီတာတွေနဲ့ ဈေးနှုန်း မမှန်ကန်တာတွေကြောင့် နိုင်ငံတကာက စက်သုံးဆီအရောင်းလုပ်ငန်းတွေကို ပြည်တွင်းမှာ ရောင်းချခွင့်ပြုဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောထားပါတယ်။

လက်တလောမှာတော့ ပြည်တွင်းက စက်သုံးဆီအရောင်းဆိုင်တွေကို အရည်အသွေး၊ အရည်အတွက်နဲ့ ဈေးနှုန်းတွေ မှန်ကန်အောင်စစ်ဆေးသွားမယ်လို့ စက်သုံး ဆီအသင်းကပြောပါတယ်။

မြန်မာနိုင်ငံတ၀န်းမှာ  လုပ်ငန်းရှင်းပေါင်း ၁၇၀၀ လောက်က စက်သုံးဆီအရောင်းဆိုင်ပေါင်း ၂၀၀၀ ၀န်းကျင်လောက်ဖွင့်လှစ်ထားတာဖြစ်ပေမယ့် မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှာ ၀င်ထားတဲ့ အသင်းဝင်အရေအတွက်ကတော့ သုံးပုံတပုံလောက်ပဲ ရှိနေပါတယ်။

စက်သုံးဆီအသင်းအနေနဲ့ ဆီအရည်အသွေးတွေစစ်ဆေးနိုင်တဲ့ ရွေ့လျားဓာတ်ခွဲခန်းတွေနဲ့ ဓာတ်ခွဲခန်းအကြီးစားတွေ တည်ဆောက်ထားတာကြောင့် စနစ်တကျစစ်ဆေးနိုင်ပါတယ်။  ဒါပေမယ့် လုပ်ငန်းရှင်တွေအားလုံးက အသင်းဝင်တွေမဟုတ်တာကြောင့်  စနစ်တကျစစ်ဆေးအရေးယူဖို့ အသင်းအနေနဲ့ အားနည်းချက်တွေရှိနေပါတယ်လို့ပြောပါတယ်။

စက်သုံးဆီအသင်းမှာ ပါဝင်တဲ့လုပ်ငန်းရှင်အများစုဟာ ရန်ကုန်မှာနေထိုင်ကြပြီး လက်ကားရောင်းချနေတဲ့ လုပ်ငန်းရှင်ကြီးတွေဖြစ်တာကြောင့် တနိုင်ငံလုံးရဲ့ စက်သုံးဆီ တင်သွင်းမှုကို ထိန်းချုပ်ထားသူတွေလည်းဖြစ်ပါတယ်။

နိုင်ငံတကာမှာ ရေနံနဲ့ လောင်စာဆီဈေးတွေတက်ရင် ပြည်တွင်းက စက်သုံးဆီဆိုင်တွေမှာ အလျင်အမြန်ဈေးလိုက်တက်လေ့ရှိပေမယ့်  နိုင်ငံတကာမှာ ဈေးကျချိန်မှာတော့ ပြည်တွင်းက ဆီဆိုင်တွေ ဈေးပြန်ကျလေ့မရှိတဲ့အတွက် ၀ယ်သူသုံးစွဲသူတွေရဲ့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013