DVB Logo
Home
မြန်မာသတင်း
ဆီးခုံချင်းဆက် အမြွှာညီအစ်ကို ခွဲစိတ်ကုသမှုအောင်မြင်
DVB
·
March 25, 2017
ဆီးခုံချင်းဆက် အမြွှာညီအစ်ကို ခွဲစိတ်ကုသမှုအောင်မြင်
Donate to DVB

ဆီးခုံချင်းဆက် အမြွှာညီအစ်ကို မောင်ဝေယံငြိမ်းနဲ့ မောင်ဝေယံဟိန်းတို့ကို မန္တလေးမြို့ ခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီးမှာ  အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။

ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ကြိုတင်ပြင်ဆင်ကုသမှုတွေ အများအပြားဆောင်ရွက်ခဲ့ရပြီး ၁၄ လအကြာ မတ် ၂၃ ရက်နေ့မှာ မန္တလေးရှိ အထူးကုဆရာဝန်ကြီးတွေက ရှုပ်ထွေးတဲ့ အဆင့်ပေါင်းများစွာကို ခက်ခက်ခဲခဲ ကျော်ဖြတ် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။

ခွဲစိတ်ချိန် ၁၄ နာရီနဲ့ ၃၅ မိနစ်ကြာတဲ့အထိ လုပ်ဆောင်ခဲ့ရပြီး ခွဲစိတ်ပြီး စစ်ဆေးချက် ရလဒ်တွေကောင်းမွန်တဲ့အကြောင်း၊ နောက်နှစ်လ သုံးလလောက်မှာ စအိုဝဖောက်ဖို့ ထပ်မံ ခွဲစိတ်ကုသရဦးမှာဖြစ်ပြီး နောက်ထပ် နှစ်ဆင့် သုံးဆင့်လောက်ခွဲစိတ်ဖို့ကျန်နေသေးတဲ့အကြောင်း ခွဲစိတ်ရာမှာပါဝင်တဲ့ အထူးကုဆရာဝန်ကြီး ဒေါက်တာ မောင်မောင်လွင်က သတင်းမှာပြောပါတယ်။

အဆိုပါ ကလေးငယ်နှစ်ဦးကို  မုံရွာမြို့နယ် ဗောဓိတစ်ထောင်အနီး ညောင်ပင်သာရွာနေ တောင်သူ ကိုအောင်ငြိမ်းနဲ့ မမာလာစန်းတို့က ၂၀၁၆ ဇန်နဝါရီ ၁၃ ရက်က မုံရွာဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013