DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလ YBS ဘတ်စ်ကားများ ယာဉ်စီးခပိုတောင်းလျှင် အရေးယူသွားမည်
DVB
·
March 25, 2017
သင်္ကြန်ကာလ YBS ဘတ်စ်ကားများ ယာဉ်စီးခပိုတောင်းလျှင် အရေးယူသွားမည်
Donate to DVB

သင်္ကြန်ကာလအတွင်းမှာ ပြေးဆွဲမယ့် YBS ဘတ်စ်ကားလိုင်းတွေအနေနဲ့ ယာဉ်စီးခနှုန်းထားကို ပုံမှန်ဈေးထက် ပိုမိုကောက်ခံပါက အရေးယူဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ မတ်လ ၂၄ ရက်နေ့ သတင်းစာရှင်လင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“ယာဉ်စီးခကတော့ မူလကောက်ခံတဲ့အတိုင်းပဲ ကောက်ခံရမှာ ဖြစ်ပါတယ်။ ဒီယာဉ်စီးခတွေ ကောက်ခံခဲ့ရင် တော့ ကျမတို့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

သင်္ကြန်ကာလအတွင်း ပြေးဆွဲတဲ့ ဘတ်စ်ကားလိုင်းတွေကို ယာဉ်စီးခပိုမိုမကောက်ခံဖို့အတွက် စည်းကမ်းချက်တွေ၊ အရေးယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် နှစ်စဉ်ဘတ်စ်ကားလိုင်းတွေရဲ့ ယာဉ်စီးခ ပိုမိုတောင်းခံမှုတွေ ကြုံတွေနေရတာကြောင့် အစိုးရအဖွဲ့က  ဥပဒေနဲ့အညီ ထိန်းညှိသွားမယ်လို့ ပြောပါတယ်။

“YBS ရဲ့ ယာဉ်လိုင်းတွေထဲမှာ သတ်မှတ်ထားတဲ့ ယာဉ်လိုင်းတွေ သတ်မှတ်ထားတဲ့အချိန်နဲ့ ကားအစီးရေကို အလှည့်နဲ့ ပြေးဆွဲပေးသွားနိုင်ဖို့အတွက် ကျနော်တို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အစိုးရဘက်ကနေ လိုက်နာကျင့်သုံးနိုင်ဖို့အတွက် ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ကျနော်တို့ ထိန်းသွားမှာဖြစ်ပါတယ်။ ဥပဒေကို လိုက်နာတတ်တဲ့ ဓလေ့စရိုက်ဖြစ်ဖို့အတွက် ယာဉ်လိုင်း တွေ၊ ယာဉ်မောင်းတဲ့သူတွေ ကားလိုင်းထူထောင်တဲ့သူတွေ၊ ဟိုင်းဝေးယာဉ်လိုင်း ပြေးဆွဲနေတဲ့သူတွေ အားလုံး လိုက်နာဖို့တော့ လိုပါတယ်။ ကျနော်တို့ကတော့ ဥပဒေနဲ့အညီ ထိန်းညှိသွားမှာ ဖြစ်ပါတယ်။” လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်မြို့မှာပြေးဆွဲမယ့် YBS ဘတ်စ်ကားတွေအပြင် အဝေးပြေးခရီးသွား ကားလက်မှတ်တွေကိုလည်း ပုံမှန်ဈေးထက် ဈေးတင်ရောင်းပါက အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013