DVB Logo
Home
မြန်မာသတင်း
ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် မြန်မာလက်မခံပယ်ချ
DVB
·
March 25, 2017
ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် မြန်မာလက်မခံပယ်ချ
Donate to DVB

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို နိုင်ငံတကာ အချက်အလက်ရှာဖွေဖော်ထုတ်ရေးအဖွဲ့စေလွှတ်ဖို့  တောင်းဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို  မြန်မာနိုင်ငံက သဘောတူလက်ခံခြင်းမရှိပဲ ပယ်ချလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ မတ် ၂၄ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (၃၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ အီးယူ ဥရောပသမဂ္ဂက တင်သွင်းတဲ့  မြန်မာ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဌာနက ပြန်လည် တုံ့ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

“ရခိုင်ပြည်နယ်၏ ပကတိအခြေအနေသည် ထိလွယ်ရှလွယ်ပြီး ဖြေရှင်းရန် စိန်ခေါ်မှု ကြီးမားနေဆဲ အခြေအနေဖြစ်ပါသည်။ ဤအခြေအနေမျိုးတွင် လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် ပြဿနာဖြေရှင်းရေးအတွက် အထောက်အကူဖြစ်မည် မဟုတ်သည့်အပြင် ပြဿနာရပ်ကို ပိုမိုကြီးထွားစေမှာ ဖြစ်ပါတယ်။ လက်ရှိမြေပြင်အခြေအနေမှန်တွေကိုလည်းကောင်း၊ လက်ရှိမြန်မာနိုင်ငံရဲ့ ပကတိအခြေအနေများနှင့်လည်းကောင်း ကိုက်ညီမှုလည်းမရှိပါ။ ဤသို့သော အခြေအနေများကြောင့် လည်းကောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အေးချမ်းတည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့သော ဖြေရှင်းချက်များ ရရှိရေးအတွက် အလေးအနက်ထား ကြိုးပမ်းဖြေရှင်းနေခြင်းကြောင့်လည်းကောင်း၊ လူ့အခွင့် အရေးကောင်စီ၌ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဆုံးဖြတ်ချက်တစ်ခုလုံးကို သဘောတူလက်ခံပါဝင်ခြင်းမရှိကြောင်း (Dissociate) ပြုလုပ်ခဲ့ပါသည်။”လို့ နိုင်ငံခြားရေးဌာနရဲ့ မတ် ၂၄ရက်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်တွေ ခိုင်လုံမှုရှိပါက သက်သေတွေကို နိုင်ငံတကာရဲ့ ကာကွယ်စောင့်ရှောက်မှု အစီအစဉ်နဲ့ မြန်မာနိုင်ငံသို့ လာရောက်စေပြီး တရားရုံးတွေမှာ ဥပဒေနဲ့ အညီ အမှုဖွင့်တရားစွဲဆိုနိုင်ရေးကို ဆောင်ရွက်ပေးသွားမယ်လို့လည်း ကြေညာလိုက်ပါတယ်။

ဂျီနီဗာမှာ မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ  အီးယူက တင်သွင်းတဲ့  မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲမခွဲဘဲ ဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအပြင် တရုတ်နဲ့ အိန္ဒိယနိုင်ငံ အပါအ၀င် အခြားလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကလည်း သဘောတူလက်ခံ ပါဝင်ခြင်းမရှိကြောင်း ကြေညာခဲ့သလို အဆိုပါ နိုင်ငံတကာအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ခြင်းကို လက်မခံခဲ့ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နဲ့ တရားဥပဒေစိုးမိုးရေးအပြင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှုကို လူ့အခွင့်အရေးကောင်စီက ကြိုဆိုထားပါတယ်။

တဖက်မှာ လူ့အခွင့်အရေး ကောင်စီအနေနဲ့ လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့တဖွဲ့ကို စေလွှတ်ဖို့လည်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013