DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီနှင့်​ မြန်မာအစိုး​ရတပ် တိုက်ပွဲဖြစ်
DVB
·
January 6, 2012
ကေအန်ပီပီနှင့်​ မြန်မာအစိုး​ရတပ် တိုက်ပွဲဖြစ်
Donate to DVB

မြန်မာအစိုး​ရနဲ့​ ပြီး​ခဲ့​တဲ့​နှစ်ကုန်ပိုင်း​က ငြိမ်း​ချမ်း​ရေး​ ပဏာမ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တဲ့​ ကရင်နီ အမျိုး​သား​တိုး​တက်​ရေး​ပါတီ (​ကေအန်ပီပီ) နဲ့​ အစိုး​ရတပ်​တွေအကြား​ ဇန်နဝါရီလ ပထမအပတ်အတွင်း​မှာ ရင်ဆိုင်တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့​ပါတယ်။

[caption id="attachment_19737" align="alignright" width="300" caption="ခူးဦးရယ်"][/caption]

လွိုင်​ကော်မြို့​အ​ရှေ့​မိုင် ၄၀ အကွာ ရှား​တောမြို့​နယ်မှာ မ​နေ့​က တိုက်ပွဲ ထပ်မံဖြစ်ပွား​ခဲ့​တယ်လို့​ ​ကေအန်ပီပီ အတွင်း​ရေး​မှူး​ ၁ ခူဦး​ရယ်က ​ပြောပါတယ်။

“မ​နေ့​က မနက် ၇ နာရီခွဲ​လောက်မှာ ကျ​နော်တို့​ ရှား​တောခွင် ​မြောက်ပိုင်း​ပေါ့​နော်။ ရန်သူ့​ဘက်က ခမရ ၄၂၈ က တိုက်ပွဲတပွဲ ထပ်ဖြစ်တယ်။ အဲဒီမှာလည်း​ ကျ​နော်တို့​ အ​လောင်း​ ၄ ​လောင်း​ရတယ်ဗျာ။ လက်နက် ၂ လက် ရတယ်။ ကျည်ကပ်က ၄ ​ဘောက်​ပေါ့​နော်။”

ဇန်နဝါရီလ ၁ ရက်​နေ့​က ဖား​ဆောင်း​မြို့​နယ် ​မော်ချီး​နဲ့​ ​တောင်ငူ ကား​လမ်း​မှာ မြန်မာအစိုး​ရတပ် ခလရ ၇၂ နဲ့​ တကြိမ်၊​ ဇန်နဝါရီ ၂ ရက်​နေ့​မှာ ဖား​ဆောင်း​မြို့​နယ်ထဲမှာပဲ ခလရ ၁၃၅ နဲ့​ တကြိမ် ​ကေအန်ပီပီ တပ်ဖွဲ့​တွေနဲ့​ တိုက်ပွဲဖြစ်ပွား​ခဲ့​ပြီး​ ကျဆုံး​ ဒဏ်ရာရမှု​တွေ ရှိခဲ့​တယ်လို့​ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲ​တွေ ဆက်တိုက် ဖြစ်ပွား​နေတာ​ကြောင့်​ မြန်မာအစိုး​ရနဲ့​ ​ရှေ့​ဆက် ​ဆောင်ရွက်မယ့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ အ​ခြေအ​နေနဲ့​ပတ်သက်လို့​ ခူး​ဦး​ရယ်က အခုလို​ပြောပါတယ်။

“ကျ​နော်တို့​ နှစ်ဖက် တရား​ဝင် ​တွေ့​ဆုံ​ဆွေး​နွေး​ခြင်း​လည်း​ မရှိ​သေး​တော့​ သ​ဘောတူညီမှုလည်း​ မရ​သေး​တဲ့​ အခါကျ​တော့​ ရင်ဆိုင်တိုက်ပွဲ​တွေ ဖြစ်​နေတာက​တော့​ အခုမှ​တော့​ မဟုတ်ဘူး​ပေါ့​။ အဲဒီ​တော့​ ကျ​နော်ထင်ပါတယ်။ ကျ​နော်တို့​တစုံတရာ ထိခိုက်စရာ အ​ကြောင်း​မရှိပါဘူး​။ ကျ​နော်တို့​နှစ်ဘက်တရား​ဝင် ​တွေ့​ဆုံ​ဆွေး​နွေး​တာမျိုး​မှ မလုပ်​သေး​တာကိုး​။”

ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ​တွေကို ဘယ်​တော့​ ထပ်လုပ်မလဲ ဆိုတာကို​တော့​ မြန်မာအစိုး​ရနဲ့​ ​ကေအန်ပီပီ ၂ ဖွဲ့​အကြား​မှာ ရက်ချိန်း​ အတိအကျ မရှိ​သေး​ပါဘူး​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013