မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ဒီနေ့မှာ တစ်တန်ကို ငွေကျပ် ၁၁၃၂၀၀၀ ပေါက်ဈေးရှိ နေပြီး တစ်တန်ကို ငွေကျပ် ၁၉၀၀၀ ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ တစ်တန်ကို ငွေကျပ် ၁၁၄၀၀ ဈေးတက်လာပြီး တစ်တန်ကို ငွေကျပ် ၇၇၉၄၀၀ ပေါက်ဈေးရှိနေပါတယ်။
နှမ်းဖြူ
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူ ကတော့ တစ်အိတ်ကို ငွေကျပ် ၁၀၃၀၀၀ ပေါက်ဈေးရှိနေပြီး ငွေကျပ် ၄၀၀၀ ဈေးကျဆင်း သွားပါတယ်။
နှမ်းနက် (စမုံ)
နှမ်းနက် (စမုံ) ကတော့ ဒီနေ့မှာ ၂၀၀၀ ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက ကျပ် ၁၄၀၀၀၀ ဈေးရှိ ပါတယ်။
ပန်းနှမ်း
ပန်းနှမ်းကတော့ ဒီနေ့မှာ ငွေကျပ် ၂၀၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တစ်အိတ်ကို ကျပ် ၇၄၀၀၀ ပေါက်ဈေးရှိပါတယ်။
မြေပဲလုံးဆံနီ
မုံရွာကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံနီက တစ်ပိဿာ ကို ငွေကျပ် တစ်ဆယ် ဈေးတက်လာပြီး ဒီနေ့ ပေါက် ဈေးက တစ်ပိဿာကို ၂၄၂၅ ကျပ် ရှိပါတယ်။
စွန်တာ
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ စွန်တာ (ကျွန်း) က တစ်တင်းကို ငွေကျပ် ၁၈၆၀၀ ပေါက်ဈေး ရှိနေပြီး ငွေကျပ် ၂၀၀ ဈေးကျဆင်းသွားပါတယ်။
ဖရဲသီး ၈၅၅
မူဆယ်ကုန်စည်ဒိုင်မှာတော့ ဖရဲသီး ၈၅၅ အမျိုးအစားက တစ်တန်ကို ငွေကျပ် ၃၂၈၁၀၀ ပေါက်ဈေးရှိနေပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။
အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။
သတင်း – AMIA











