DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းနှင့် အကြမ်းဖက်ခံရမှု တိုးလာဟု မွန်လူ့ခွင့်အရေးအဖွဲ့ထုတ်ဖော်
DVB
·
March 24, 2017
သက်ငယ်မုဒိမ်းနှင့် အကြမ်းဖက်ခံရမှု တိုးလာဟု မွန်လူ့ခွင့်အရေးအဖွဲ့ထုတ်ဖော်
Donate to DVB

မြန်မာနိုင်ငံတ၀န်း ၂၀၁၃ ခုကစပြီး လိင်အကြမ်းဖက်မှုတွေ မြင့်တက်လာပြီး အထူးသဖြင့် ကလေးသူငယ်တွေကို ဦးတည်တဲ့ လိင်ပိုင်းဆိုရာ အကြမ်းဖက်မှုအရေအတွက် သိသာထင်ရှားစွာ မြင့်တက်ခဲ့တယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်ရဲ့ အမျိုးသမီးနှင့်ကလေး အခွင့်အရေး အစီအစဉ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

‘အမှောင်ခန်းက အပ်ကျသံ’ ဆိုတဲ့အစီရင်ခံစာကို ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပြီး မွန်ပြည်နယ်တ၀ှမ်းက သက်ငယ်လိင်အကြမ်းဖက်မှု ၂၀ ကို အစီရင်ခံ ဆန်းစစ်လေ့လာထားပါတယ်။

သက်ငယ်မုဒိမ်းမှုတွေတိုးလာတဲ့အကြောင်းနဲ့ပတ်သက်ပြီး  အမျိုးသမီးနှင့် ကလေးအခွင့်အရေးအစီအစဉ်တာဝန်ခံ မိထောချမ်းက “ဘာကြောင့်တိုးလဲဆိုတော့ နည်းပညာတိုးတက်မှုအပိုင်းမှာလည်း နည်းနည်း ဆက်စပ်နေတာပေါ့။ မိုဘိုင်းဖုန်းတွေကို အသုံချပြီးတော့ အကုန်ဗွီဒီယိုတွေ ဘာတွေကြည့်ပြီးတော့မှ ကလေးတွေအပေါ်ကို ပစ်မှတ် ထားလာတာတွေ အဲလိုအမြင်တွေလည်း သူတို့ပြောတယ်။ နောက်ခုက ဥပဒေပိုင်းဆိုင်ရာနဲ့လည်း သက်ဆိုင်တာပေါ့နော်။ တချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြီးတော့မှ သူတို့ပြစ်ဒဏ်တွေက သိပ်မများဘူးလေ။ တနှစ်နဲ့ လွတ်လာတာတို့ အဲလိုမျိုးများတယ်။ အဲဒါကြောင့် သူတို့ အကြမ်းဖက်ရင်လည်း သူတို့ခံရမယ့် ပြစ်ဒဏ်က မပြင်းထန်ဘူးပေါ့နော်။ အဲဒီအတွက်ကြောင့်လည်း အကြမ်းဖက်မှုတွေ တိုးလာတယ်လို့ ကျမတို့ မြင်တာပေါ့နော်။”လို့ပြောပါတယ်။

အစီရင်ခံစာမှာ ၂၀၀၃ ခု ဒီဇင်ဘာလ ၂၀၁၇ ခု ဇန်န၀ါရီလအတွင်း သက်ငယ်လိင် အကြမ်းဖက်မှု ၂၀ ကို လက်ခံထားပြီး နစ်နာသူတွေဟာမိန်းလေးငယ်တွေသာဖြစ်သလို အသက် ၃ နှစ်ကနေ ၁၇ နှစ်ကြားအရွယ်တွေဖြစ်တယ်လို့လည်း မိထောချမ်းက ပြောပါတယ်။

“ဖြစ်စဉ်ကတော့အများကြီးပေါ့။ အမှု ၂၀ ကတော့ ကျမတို့ ကောက်ခံထားတဲ့ အမှုတွေပေါ့။ ကျမတို့က ရေးနဲ့ မော်လမြိုင်ဘက်က လက်ခံရရှိတာများတာပေါ့နော်။ တချို့ ရေဖြူတို့ သထုံတို့ ကလည်း နည်းနည်းပါးပါးရထားတာရှိတယ်။ ဒါပေမယ့် အမှုတွေကတော့ ဒီထက်များတာပေါ့။”

အဆိုပါအမှု ၂၀ ထဲမှာလည်း ကျူးလွန်သူတွေဟာ ကျူးလွန်ခံရသူတွေနဲ့  သိကျွမ်းနေလေ့ရှိပြီး အများစုမှာ အိမ်နီးနားချင်း သို့မဟုတ် အသိမိတ်ဆွေတွေက ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကောက်ခံရရှိထားတဲ့ အမှု ၂၀ ထဲက ၂ မှုဟာမှာလည်း သက်ငယ်မုဒိမ်းကျူးလွန်ခံရပြီး သတ်ဖြတ်ခံရတဲ့ အမှု ၂ ခုရှိခဲ့ပါတယ်။ ၂၀၁၄ ဇွန်လက ရေဖြူမြို့နယ်မှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တဦးကို စာသင်ကျောင်းမှအပြန် လမ်းမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာပါ။

ဖြစ်စဉ်အားလုံးမှာ ၆ မှုကိုသာ အပြီးသတ်စီရင်ချက်ချနိုင်ခဲ့ပြီး ရပ်ကျေးက ၁ ခု၊ နိုင်ငံတော်တရားစီရင်ရေးဌာနက ၁ ခုနဲ့ မွန်ပြည်သစ်ပါတီတရားရေးဌာနက ၂ ခုကို စီရင်ဆုံးဖြတ်ခဲ့ပါ တယ်။

ဒါကြောင့် အစိုးရအနေနဲ့  ကလေးသူငယ်ဆိုင်ရာကာကွယ်ရေး မူဝါဒကို တိတိကျကျ ချမှတ်ပေးဖို့၊ တရားစီရင်ရေးပိုင်းမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့၊ လိင်အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ကလေးတွေ ပွင့်ပွင့်ပြောတတ်လာအောင် ပညာရေးမှာ ထည့်သင်ပေးဖို့နဲ့ ကျူးလွန်သူတွေကို  ထိရောက်စွာအရေးယူဖို့  မွန်လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013