DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအ​ပေါ် ဗြိတိန်၏မူဝါဒ မ​ပြောင်း​လဲ​သေး​ဟု ဝီလျံဟိတ်​ပြောကြား
DVB
·
January 6, 2012
မြန်မာနိုင်ငံအ​ပေါ် ဗြိတိန်၏မူဝါဒ မ​ပြောင်း​လဲ​သေး​ဟု ဝီလျံဟိတ်​ပြောကြား
Donate to DVB

မြန်မာနိုင်ငံမှာ သိသာထင်ရှား​တဲ့​ အ​ပြောင်း​အလဲ​တွေမလုပ်​သေး​သ​ရွေ့​ မူဝါဒအ​ပြောင်း​အလဲ​တွေ လုပ် ​ဆောင်မှာ မဟုတ်ဘူး​လို့​ ဗြိတိန်နိုင်ငံခြား​ရေး​ဝန်ကြီး​က ​ပြောဆိုလိုက်ပါတယ်။

[caption id="attachment_19727" align="alignright" width="300" caption="ဝီလျံဟိတ်နှင့်​ ​ဒေါ်​အောင်ဆန်း​စုကြည် "][/caption]

မြန်မာနိုင်ငံကို ၂ ရက်ကြာ​ရောက်ရှိ​နေတဲ့​ ဗြိတိန်နိုင်ငံခြား​ရေး​ဝန်ကြီး​ဝီလျံဟိတ်ဟာ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ကို ​နေအိမ်မှာ သွား​ ​ရောက်​တွေ့​ဆုံပြီး​နောက် ပူး​တွဲပြု လုပ်တဲ့​သတင်း​စာရှင်း​ပွဲမှာ ခုလို​ပြောကြား​လိုက်တာပါ။

ဝီလျံဟိတ်က “​နောက်ထပ် ​ဆောင်ရွက်ချက်​တွေထပ်လုပ်တာ မြင်ချင်ပါ​သေး​တယ်။ ဒီ​လောက်နဲ့​တော့​ မလုံ​လောက်​သေး​ပါဘူး​။ ဘာဖြစ်လိုလဲဆို​တော့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ ရှိ​နေ​သေး​တယ်။ ဒါ​ကြောင့်​ ဖိအား​တွေကို ​လျော့​မ​ပေး​ဖို့​ကလည်း​ အရမ်း​အ​ရေး​ကြီး​တယ်။ မ​နေ့​က ကျ​နော်တို့​မူဝါဒ​တွေ ​ပြောင်း​လဲဖို့​အတွက် အစိုး​ရက လုပ်သင့်​တာကိုလည်း​ ရှင်း​ရှင်း​လင်း​လင်း​ ​ပြောထား​ပြီး​ပါပြီ” လို့ပြောပါတယ်။

ဝန်ကြီး​ဝီလျံဟိတ်က အစိုး​ရရဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေကို ​ထောက်ခံ​ပေမယ့်​ အ​ပြောင်း​အလဲ​တွေဟာ မလုံ ​လောက်​သေး​တဲ့​အ​ကြောင်း​နဲ့​ သိသာတဲ့​ အ​ပြောင်း​အလဲ​တွေ မလုပ်​သေး​ ဘူး​ဆိုရင် ​တော့​မြန်မာ ​ပေါ်ထား​တဲ့​ ဗြိတိန်ရဲ့​ မူဝါဒကို ​ပြောင်း​လဲမှာ မဟုတ်​သေး​ဘူး​လို့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ​ပြောဆိုသွား​တာပါ။

ဒါ့​အပြင် လက်ရှိ မြန်မာအစိုး​ရက မီဒီယာ​တွေအ​ပေါ် တင်း​ကျပ်မှု ​လျှော့​ပေါ့​တာ​တွေ၊​ တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေနဲ့​ ​ဆွေး​နွေး​တာ၊​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ လွှတ်​ပေး​ခဲ့​တာ​တွေကို​တော့​ ကြိုဆိုတယ်လို့​လည်း​ ​ပြောကြား​ခဲ့​ပြီး​ လွတ်လပ် တရား​မျှတတဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဖြစ်ဖို့​၊​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ ထပ်မံလွှတ်​ပေး​ဖို့​လည်း​ ​တောင်း​ဆိုသွား​ပါတယ်။

ဗြိတိန်နိုင်ငံဟာ တခြား​ ဥ​ရောပသမဂ္ဂနိုင်ငံ​တွေနဲ့​အတူ မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ဒဏ်ခတ်မှု​တွေနဲ့​ အထီး​ကျန်ဖြစ်​အောင် သံတမန်​ရေး​ အဆက်အဆံ သိပ်မလုပ်ဘဲထား​တဲ့​ နိုင်ငံဖြစ်ပါတယ်။

မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ကလည်း​ ဗြိတိန်ဝန်ကြီး​ရဲ့​ ​ပြောဆိုချက်ကို ရည်ညွှန်း​ပြီး​ မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ ဒဏ်ခတ်မှု​တွေ မရုပ်သိမ်း​ခင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အား​လုံး​လွှတ်ဖို့​၊​ တိုင်း​ရင်း​သား​ ပဋိပက္ခ အဆုံး​သတ်ဖို့​နဲ့​ လွတ်လပ်တရား​မျှတတဲ့​ ​ရွေး​ကောက်ပွဲ​တွေ မြင်​တွေ့​လို​ကြောင်း​ သတင်း​ထောက်​တွေရဲ့​ အ​မေး​ကို ​ဖြေကြား​ခဲ့​ပါတယ်။

ဝီလီယံဟိတ်နှင့်​အတူ ရန်ကုန်အ​ခြေစိုက် ဗြိတိန် သံအမတ်ကြီး​ပါဝင်တဲ့​ အဖွဲ့​ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဒီက​နေ့​ နံနက် ၁၀ နာရီမှာ တကသိုလ်ရိပ်သာလမ်း​ ​နေအိမ်မှာ တနာရီနီး​ပါး​ခန့်​ ​တွေ့​ဆုံခဲ့​တယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ဝင် ဦး​ခွန်သာမြင့်​က ​ပြောပါတယ်။

အဲဒီ​နောက်မှာ​တော့​ အမျိုး​သား​ဒီမို က​ရေစီအဖွဲ့​ချုပ် ယခင်ဗဟိုအလုပ်အမှု ​ဆောင်​ဟောင်း​တွေ၊​ ပြည်သူလွှတ်​တော် ကိုယ်စား​ပြု ​ကော်မတီဝင်​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။

ဝီလျံဟိတ်ဟာ မွန်း​လွဲပိုင်း​မှာ လူရွှင်​တော် ဇဂနာ အပါအဝင် ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင် ကိုမြတ်သူ၊​ မဇင်မာ​အောင်၊​ ကိုဖြိုး​မင်း​သိန်း​နဲ့​ မျိုး​ရန်​နောင်သိန်း​တို့​နှင့်​လည်း​ သံအမတ်​နေအိမ်တွင် ၁ နာရီခန့်​တွေ့​ဆုံခဲ့​ပြီး​ ​ရွှေတိဂုံဘုရား​ကိုလည်း​ သွား​ရောက်ဖူး​မြော်ပါတယ်။

ဝီလျံဟိတ်နဲ့​ ​တွေ့​ဆုံခဲ့​တဲ့​ ကိုဇာဂနာက “နံပါတ် ၁က ကျ​နော်တို့​ဆီ ဘာ​တွေ အကူအညီ​ပေး​ဖို့​လိုမလဲ​ပေါ့​၊​ ​ရှေ့​ဖြစ်​ပေါ်လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ သူတို့​မြင်တဲ့​အမြင်၊​ သူတို့​ ဘယ်လို သ​ဘောထား​ရှိသလဲ​ပေါ့​။ ကျ​နော်တို့​ဘယ်လို သ​ဘောထား​သလဲ​ပေါ့​။ လာမည့်​ရွေး​ကောက်ပွဲ အ​နေအထား​နဲ့​ လာမယ့်​နိုင်ငံ​ရေး​ ဘယ်လိုမြင်သလဲ​ပေါ့​။ အဲဒါ​လေး​ ​ပြောဖြစ်တယ်။ ကြား​ဖြတ်​ရွေး​ကောက်ပွဲကိစ္စ၊​ ဒုက္ခသည်ကိစ္စ​တွေလည်း​ ​ဆွေး​နွေး​ဖြစ်ပါတယ်” လို့​ ​ပြောပါတယ်။

ည​နေပိုင်း​မှာ ဗြိတိန်သံရုံး​မှာ သတင်း​စာရှင်း​လင်း​ပွဲပြုလုပ်ပြီး​ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွား​ပါတယ်။

မ​နေ့​က​တော့​ ဝီလျံဟိတ်က ​နေပြည်​တော်မှာ သမ္မတ ဦး​သိန်း​စိန်၊​ နိုင်ငံခြား​ရေး​ ဝန်ကြီး​ ဦး​ဝဏ္ဏ ​မောင်လွင်၊​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ ဦး​ရွှေမန်း​တို့​နဲ့​ လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။

ရန်ကုန်မှာ​တော့​ တိုင်း​ရင်း​သား​ပါတီ​တွေက ​ခေါင်း​ဆောင်​တွေနဲ့​တွေ့​ဆုံခဲ့​ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ရန်ကုန်က ဗြိတိန်သံအမတ်အိမ်မှာ ​တွေ့​ဆုံ ညစာစား​ပွဲ ကျင်း​ပခဲ့​ပါတယ်။

ဝီလျံဟိတ်ဟာ မြန်မာနိုင်ငံကို နှစ်​ပေါင်း​ ၅၀ ​ကျော်အတွင်း​ ပထမဆုံး​သွား​ရောက်ခဲ့​တဲ့​ ဗြိတိန် နိုင်ငံခြား​ရေး​ဝန်ကြီး​ဖြစ်ပြီး​ ၁၉၅၅ ခုနှစ်က ဗြိတိန်နိုင်ငံခြား​ ​ရေး​ဝန်ကြီး​ အန်သိုနီအီဒန်ဟာ မြန်မာနိုင်ငံကို​နောက်ဆုံး​ သွား​ ​ရောက်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013