DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့၌ ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်၊ ၂ ဦးသေဆုံး
DVB
·
March 24, 2017
မြိတ်မြို့၌ ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်၊ ၂ ဦးသေဆုံး
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ စန္ဒ၀တ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာအနီး မြိတ်- ကျွဲကူးလမ်းမကြီးပေါ်မှာ မတ်လ ၂၃ ရက် ည ၈ နာရီလောက်က ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိလို့ ၂ ဦးသေဆုံးခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းက ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ကွမ်းသီးချောင်းကျေးရွာ ဂန္ဒမာစေတီအနီးမှာ  မြိတ်မြို့မရဲစခန်းရုံးက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာ ကျွဲကူးဘက်မှ မြိတ်မြို့ဘက် မျက်နှင်းချင်းဆိုင် မောင်းနင်းလာတဲ့ ဆိုင်ကယ် ၂ စီး တိုက်မိရာမှ မော်တော်ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၂ ဦး သေဆုံးခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။

“မြိတ်မြို့မှာက အခုနောက်ပိုင်း လမ်းတွေက အများကြီးကောင်းလာနေတော့ လူငယ်တွေကလည်း ယာဉ်တွေကို မဆင်မခြင်မောင်းနင်းမှုတွေ များလာတော့ မကြာခဏဆိုသလို ယာဉ်တိုက်မှုတွေကတော့ ဖြစ်နေပါတယ်။ အခုလည်း လူငယ်တွေက ဆိုင်ကယ်ကို အရှိန်လျှော့ မမောင်းဘဲ စည်းကမ်းမဲ့ မောင်းတာကြောင့် အခုလို လမ်းမလယ်ပေါ်ကို ရောက်ပြီး မတော်တဆဖြစ်ကာ ယာဉ်တိုက်မှုဖြစ်တာ” လို့ မြိတ်မြို့မရဲစခန်းရုံးမှ တာဝန်ရှိ စခန်းမှူးက ပြောဆိုပါတယ်။

မော်တော်ဆိုင်ကယ်အား ပေါ့ဆစွာ မောင်းနင်းသူ ကျော်မျိုးလင်းနှင့် နိုင်လင်းတို့ ၂ ဦးကို မြိတ်မြို့မရဲစခန်းရုံးမှ ယာဉ်(ပ)၂၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇  နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

သတင်း - ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013