DVB Logo
Home
မြန်မာသတင်း
အစိမ်းရောင် စပျစ်သီးများ ဈေးနှုန်း ၂ဆခန့်မြင့်တက်
DVB
·
March 24, 2017
အစိမ်းရောင် စပျစ်သီးများ ဈေးနှုန်း ၂ဆခန့်မြင့်တက်
Donate to DVB

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် မိုးနံကုန်းကျေးရွာက စပျစ်သီးစိုက်တောင်သူတွေဟာ အခုနှစ်မှာတော့ ရာသီအပြောင်းအလဲကြောင့် စပျစ်သီးခိုင်တွေမှာ ရောဂါပိုးဝင်ပြီး အပျက်အစီး ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

အဲဒီကျွေးရွာမှာ ရွှေနီလို့ခေါ်တဲ့ စပျစ်သီးအစိမ်းရောင်ကိုသာအဓိကထား စိုက်ပျိုးကြတာပါ။ အခုနှစ်မှာ တောင်သူတချို့ရဲ့ စပျစ်ခြံတွေအပျက်အစီးများခဲ့တာကြောင့် ဈေးနှုန်းကလဲ ၂ ဆလောက် မြင့်တက်လာခဲ့ပါတယ်။

ယခင်က စပျစ်သီး ၁ပိဿကို ၆၀၀ကျပ် ၇၀၀ ကျပ် ဈေးနှုန်းရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၁၂၀၀ကျပ် ၁၃၀၀ကျပ်အထိ ဖြစ်ခဲ့ပါတယ်။ ဒီထက်ကောင်းမွန်တဲ့ စပျစ်မျိုးတွေရှိပေမယ့်လဲ အဲဒီကျေးရွာမှာတော့ မိရိုးဖလာစပျစ်မျိုးဖြစ်တဲ့အတွက် ရွှေနီလို့ခေါ်တဲ့အစိမ်းရောင်စပျစ်သီးကို စိုက်ပျိုးလာတာ နှစ် ၅၀နီးပါးရှိပြီလို့ စပျစ်သီးစိုက်တောင်သူတွေကပြောပါတယ်။

စပျစ်အမျိုးပေါင်းကတော့ ၁၁ မျိုးရှိပြီး ရမည်းသင်းမြို့နယ် ရွှေဓားကျေးရွာနဲ့ ရွာတန်းကျေးရွာ ဘက်မှာတော့ ရွှေနီမျိုးကိုမစိုက်ကြဘဲ ဈေးပိုကောင်းပြီး လူကြိုက်များတဲ့ အညိုရောင်စပျစ်မျိုးတွေကိုသာ စိုက်ပျိုးကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013