DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့မ ရဲစခန်းအချုပ်ခန်းပြင်ဆင်ပြီးစီး၍ အချုပ်သားများပြန်လည်သယ်ဆောင်
DVB
·
March 24, 2017
ပေါင်မြို့မ ရဲစခန်းအချုပ်ခန်းပြင်ဆင်ပြီးစီး၍ အချုပ်သားများပြန်လည်သယ်ဆောင်
Donate to DVB

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ အကြံပြုချက်အရ မွန်ပြည်နယ် ပေါင်မြို့မရဲစခန်း အချုပ်ခန်းပြင်ဆင်ပြီးသွားပြီး အချုပ်သားတွေကို ပြန်လည်သယ်ဆောင်လာတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နဲ့ တိုင်းတွေရှိ ရဲစခန်းအချုပ်ခန်းဗူးတံခါး(အ၀င်တံခါး)တွေဟာ သတ်မှတ်စံချိန်စံညွှန်းဖြစ်တဲ့ တံခါးအမြင့် ၅ ပေ၊ ၆ လက်မ နဲ့ အကျယ် ၄ ပေ ပြုပြင်ထားရှိဖို့ကော်မရှင်က အကြံပြုထားတာပါ။

ပေါင်မြို့မရဲစခန်းရဲ့ အချုပ်ခန်းတံခါးကို ပြန်လည်ပြုပြပြီးစီးသွားပြီဖြစ်လို့ မော်လမြိုင်အကျဉ်းထောင်ကို ခေတ္တပို့ဆောင်ထားတဲ့ အချုပ်သားတွေကို ပြန်လည်ခေါ်ဆောင်လာပြီလို့ ပေါင်မြို့မရဲစခန်းမှူး ဒုရဲမှူး စိန်ဝင်းကပြောပါတယ်။

“ပေါင်မြို့မရဲစခန်းရဲ့ အချုပ်ခန်းဗူးတံခါး(အ၀င်တံခါး)၀အမြင့်က ၄ ပေခွဲ ပဲရှိလို့ ဒါကိုပြုပြင်ဖို့ အတွက် အချုပ်ခန်းထဲမှာရှိတဲ့ အချုပ်သားတွေကို မော်လမြိုင်အကျဉ်းထောင်ကို ခဏပို့ထားတာပါ။ တကယ်တမ်း အချုပ်သားတွေကို တရားရုံးကအမိန့်ချလိုက်ရင် ၁၀ နှစ်အောက်အမျိုးသားဖြစ်ရင် သထုံထောင်ကိုပို့ပါတယ်။ ၁၀ နှစ်နဲ့အထက်အချုပ်သားနဲ့ အမျိုးသမီးတွေကိုတော့ မော်လမြိုင် ထောင်ကို ပို့ရတာပါ။ အခါအားလျော်စွာ လူငယ်တွေပါရင်တော့ အင်းစိန်ထောင်နဲ့လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းတွေကို ပို့ရတာရှိပါတယ်။”

ပေါင်မြို့မရဲစခန်းရှိအချုပ်ခန်းကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြန်လည်ပြုပြင်ခဲ့ပြီး ပေါင်မြို့မ ရဲစခန်းရှိ အမှုမပြီးပြတ်သေးတဲ့ အချုပ်သားအမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်းအချုပ်သား ၃၈ ဦးကို မော်လမြိုင်အကျဉ်းထောင်မှာ ယာယီထားရှိဖို့ ပို့ဆောင်ထားခဲ့တာပါ။

မတ်၁၅ ရက်မှာ အချုပ်ခန်းပြင်ဆင်ပြီးလို့ မော်လမြိုင်အကျဉ်းထောင်ကတဆင့် ပေါင်မြို့မရဲစခန်းကို မတ် ၁၆ ရက်က စတင်ပြီး ပေါင်မြို့နယ်တရားရုံးရှိ ရုံးချိန်းရက်တိုင်း ရုံးထုတ်တရားခံတွေကို ပြန်လည်ချုပ်နှောင်ခဲ့ရာ ယနေ့အထိ အမျိုးသားအချုပ်သား ၂၀ ဦးကို ပြန်လည်ခေါ်ဆောင်ထားရှိခဲ့တယ်လို့ ရဲစခန်းကသိရပါတယ်။

ပေါင်မြို့မရဲစခန်းက မော်လမြိုင်အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တဲ့ အချုပ်သားတွေမှာ မူးယစ်ဆေးဝါးမှု၊ ယာဉ်တိုက်မှုနဲ့ လိုင်စင်မဲ့ကားဖမ်းဆီးရမိမှုကြောင့် အချုပ်ကျနေတဲ့ သာမန်အချုပ်သားတွေ ဖြစ်ပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013