DVB Logo
Home
မြန်မာသတင်း
ဦးကိုနီလုပ်ကြံခံရမှု တရားရုံးစစ်ဆေးချက် တရားခံအောင်ဝင်းဇော်၏ရှေ့နေ ပြောကြားချက် (ရုပ်သံ)
DVB
·
March 24, 2017
ဦးကိုနီလုပ်ကြံခံရမှု တရားရုံးစစ်ဆေးချက် တရားခံအောင်ဝင်းဇော်၏ရှေ့နေ ပြောကြားချက် (ရုပ်သံ)
Donate to DVB

ရန်ကုန်မြို့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ မနက်ပိုင်းက ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သတ်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ရုံးထုတ်စစ်ဆေးနေ ပါတယ်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်နဲ့ပတ်သက်ပြီး ဒီနေ့ တရားရုံးမှာ စစ်ဆေးခဲ့တဲ့ အခြေအနေတွေကို ဖမ်းဆီးတရားစွဲခံထားရတဲ့ အောင်ဝင်းဇော်ရဲ့ ရှေ့နေ ဦးအောင်ခိုင်က အခုလို ပြောပါတယ်။
“ဒီနေ့ကျနော်တို့က လက်နက်ဥပဒေတွေနဲ့ စွဲတဲ့အမှုကို တရားလို ဒုရဲမှူးကို စစ်တယ်။ တရားလိုပြ သက်သေကို ရုံးကခေါ်ရင် ကျနော်တို့ စစ်ပေးမှာပေါ့။ ဒီနေ့လက်နက်မှုက တရားလိုကို စစ်တယ်ဗျာ။ ဦးအောင်ဝင်းဇော်နဲ့ ဦးအောင်ဝင်းထွန်းကို ဒီနေ့ပါအောင်တင်ပါတယ်။ လူသတ်မှုက ဒီနေ့မစစ်ဘူး။ မစစ်ဘူးဆိုတာ ဒီနေ့မှ လူသတ်မှု ပါဝါတင်ဖို့ တရားခံရဲ့ အခွင့်အရေးကို ပေးလိုက်တာ။ လူသတ်မှုကို ဒီနေ့ ပါဝါတင်မှာလေ။ လိုပြသက်သေကတော့ ဒီနေ့တော့ တယောက်တည်း စစ်တာပါ။ လက်နက်မှုနဲ့ သက်သေကတော့ အမှုထဲပြန်ကြည့်မှာ သိမယ်။ လူသတ်မှုကတော့ ၈၀ ကျော်တယ်။ လောလောဆယ် စာရွက်စာတမ်းအရ သိမ်းတာက သေနတ်ရော ကျည်ဆန်ရော ကြည်လင်းဆီက သိမ်းတာလေ။ မင်္ဂလာဒုံမှာ မိတာက အောင်ဝင်းဇော်က အဲနားမှာ မိတာမဟုတ်ဘူးလေ။ အောင်ဝင်းဇော်မိတာက သံလွင်တံတားမှာ မိတာလေ။ အဝေးကြီးလေ။ ဒီသေနတ်နဲ့ ကျည်ဆံနဲ့က အောင်ဝင်းဇော်နဲ့ ပတ်သက်ကြောင်း ရဲတပ်ဖွဲ့က တင်ပြထားတဲ့ အချက်အလက် ဘာမှမရှိဘူး။ ဒီတယောက်တည်းနဲ့တော့ ပြောလို့မရသေးဘူးလေ။ ကျန်တဲ့အခြားသက်သေက အများကြီး ရှိသေး တာကိုး။ ဆရာတို့က ကျင့်ထုံးဥပဒေ ၁၆၂ အရ ရဲတပ်ဖွဲ့ရဲ့ရှေ့မှာ ထွက်ဆိုထားတဲ့ ထွက်ချက်တွေက တရားမ၀င်ဘူးလေ။ ရုံးရှေ့မှာ ထွက်ရမှာ။ မိတဲ့ သေနတ်နဲ့ ကျည်ဆန်ဟာ အောင်ဝင်းဇော်နဲ့ ပတ်သက်ကြောင်း သက်သေထူရမှာက တရားစွဲအဖွဲ့အစည်း ရဲတပ်ဖွဲ့က ထူရမှာ။ အဲတော့ အခု လက်ရှိ လာပြီးတော့ တရားလိုဖြစ်တဲ့ ဒုရဲမှူးက ထွက်တာကတော့ အောင်ဝင်းဇော်ဆီက သိမ်းထားတာ မဟုတ်ဘူး။ အမှန်လည်းဟုတ်တယ်လေ။ ကြည်လင်းဆီက တွေ့တဲ့နေရာမှာ မင်္ဂလာဒုံမှာ ကောက်သိမ်း လိုက်တာကိုး။ ကျည်ဆန်ရော သေနတ်ရော။ အောင်ဝင်းဇော်က ခိုင်းထားတယ်၊ အောင်ဝင်းဇော်နဲ့ ပတ်သက်တယ်ဆိုတဲ့ အထောက်အထား စာရွက်စာတမ်းလည်း မတွေ့ဘူး။ ဒါပဲလေ။ ၀ယ်တာလည်း ရဲတပ်ဖွဲ့ကပြောတာလေ။ ဘယ်သူ့ဆီက ၀ယ်တာလဲ၊ ဘယ်နားဝယ်တာလဲ တရားဝင် ဥပဒေအရ လူတယောက်ရဲ့ ထွက်ဆိုချက်တွေက တရားသူကြီး ရှေ့မှာ ကျမ်းကိုင်ထွက်မှ သက်သေခံ ဥပဒေက တရားဝင်တာ။”

သေနတ်ကော ကျည်ဆန်ကော ကြည်လင်းဆီက သိမ်းတာလေ၊ မင်္ဂလာဒုံမှာ မိတာက အောင်ဝင်းဇော်က အဲ့နား မိတာမဟုတ်ဘူးလေ၊ အောင်ဝင်းဇော်က သံလွင်တံတားမှာ မိတာလေ၊ အဝေးကြီးလေ၊ ဒီသေနတ်နဲ့ ကျည်ဆံနဲ့က အောင်ဝင်းဇော်နဲ့ ပတ်သက်ကြောင်း ရဲတပ်ဖွဲ့က တင်ပြထားတဲ့ အချက်အလက် ဘာမှမရှိဘူးလို့ တရားခံ အောင်ဝင်းဇော်ရဲ့ရှေ့နေ ဦးအောင်ခိုင်က ပြောပါတယ်။

ဦးကိုနီလုပ်ကြံခံရမှုမှာ ကြည်လင်း၊ အောင်ဝင်းဇော်တို့ကို ၃၀၂/၃၄ အပြင် လက်နက်မှု ၁၉ (ဃ)၊ ၁၉(စ) တို့နဲ့ စွဲချက်တင်ထားပါတယ်။ အောင်ဝင်းထွန်းကို ထွက်ပြေးတရားခံကို အားပေးအားမြှောက် ပြုတဲ့အတွက် ၂၁၂ နဲ့ စွဲချက်တင်ထားပါတယ်။ ဇေယျာဖြိုးနဲ့ အောင်ဝင်းခိုင်တို့ကိုတော့ ၃၀၂/၃၄ နဲ့ စွဲချက်တင်ထားတယ်လို့ ဦးကိုနီဘက်ကလိုက်မယ့် တရားလွှတ်တော်ရှေ့နေဦးနေလက ပြောပါတယ်။

ဦးကိုနီ လုပ်ကြံခံရမှု ဖမ်းမိထားသူ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ဒုတိယအကြိမ်ရုံးထုတ်တာဖြစ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013