DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့ ဆင်ပုံရိုးချောင်းတံတား ပျက်စီးနေ၍ ဒေသခံများ သွားလာရေး ခက်ခဲနေ
DVB
·
March 24, 2017
အင်္ဂပူမြို့ ဆင်ပုံရိုးချောင်းတံတား ပျက်စီးနေ၍ ဒေသခံများ သွားလာရေး ခက်ခဲနေ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ထဲက ဂျို့ပင်အုပ်စုနဲ့ အိုးကွဲအုပ်စုတို့ကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်က ဆင်ပုံရိုး ချောင်းကူးတံတားဟာ ပျက်စီးနေတဲ့အတွက် ဒေသခံတွေ သွားလာဖို့ အခက်တွေ့ နေကြရပါတယ်။

နှစ်စဉ် ကိုယ်ထူကိုယ်ထနဲ့ နှစ်ရွာ အလှူရှင်တွေ စုပေါင်းပြီး ပြုပြင်နေကြတာပါ။ အိုးကွဲအုပ်စု ထဲက ကျေးရွာတွေက ကျောင်းသားကျောင်းသူတွေကလည်း ဂျို့ပင် မှာရှိတဲ့ အထက်တန်းကျောင်းခွဲကို ကျောင်းဖွင့်ချိန်မှာ သွားရောက် တက်ကြရတဲ့အတွက် သွားလာရေး ခက်ခဲနေရပါတယ်။

ကျန်းမာရေးအတွက်လည်း မဲဇလီကုန်း တိုက်နယ်ဆေးရုံကိုသွားဖို့ အိုးကွဲအုပ်စုထဲက ရွာအချို့နဲ့ ဂျို့ပင်အုပ်စုထဲက ရွာအချို့က အဲချောင်းကူးတံတားကို ဖျက်သွားကြရပါတယ်။ တံတားက အရှည်ပေ ၇၀၊ အမြင့်  ပေ ၂၀ နဲ့ အကျယ် ၄ ပေ ဖြစ်ပါတယ်။

“နှစ်စဉ် တံတားက မိုးရာသီမှာ လူပြုတ်ကျလို ပျှမ်းမျှ တယောက်နှုန်းလောက်သေနေတယ်။ ခါတိုင်းက ကိုယ်ထူ ကိုယ်ထ လုပ်တယ်။ ဒီနှစ်တော့ တာဝန်ရှိတဲ့သူတွေက ပြင်ပေးစေချင်တယ်” လို့ ဂျို့ပင် အုပ်စု တောဝင်ရွာက ဦးသိန်းဝင်း ပြောပါတယ်။

အင်္ဂပူ မြို့နယ် ကျေးလက်ဦးစီး ဦးသန်းဇော်ဦးကတော့ “ဒေသအလိုက် လမ်းတံတားတွေကို စာရင်းပြုစုပြီး တိုင်းဒေသကြီးအစိုးရကို တင်ပြထားပါတယ်။ ရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီး တည်ဆောက်ပြုပြင်တာတွေ လုပ်ဆောက်မှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

သတင်း-ဓာတ်ပုံ (သန်းထိုက်မြင့်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013