DVB Logo
Home
မြန်မာသတင်း
လက်နက်အားလုံး ဘယ်လိုဆက်နွှယ်ပြီး ကြည်လင်းရရှိတဲ့အကြောင်း ပေါ်လာမှာပါ - ရှေ့နေ (ရုပ်သံ)
DVB
·
March 24, 2017
လက်နက်အားလုံး ဘယ်လိုဆက်နွှယ်ပြီး ကြည်လင်းရရှိတဲ့အကြောင်း ပေါ်လာမှာပါ - ရှေ့နေ (ရုပ်သံ)
Donate to DVB

ရန်ကုန်မြို့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ မနက်ပိုင်းက ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သတ်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ရုံးထုတ်စစ်ဆေးနေ ပါတယ်။

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ လက်နက်ပုဒ်မနဲ့ ပတ်သက်ပြီး အောင်ဝင်းဇော်ကို ပလပ်ဖို့ အောင်ဝင်းဇော်ရဲ့ရှေ့နေက ကြိုးပမ်းနေတယ်လို့ တရားလိုရှေ့နေ ဦးနေလက ပြောပါတယ်။

“ဒီနေ့က လက်နက်မှုကို စတင်ဖွင့်လှစ်တဲ့ တရားလိုဘက်က လက်နက်မှုနဲ့ ပတ်သက်လို့ ကနဦးစစ်ဆေးချက်ပဲ ရှိပါသေးတယ်။ ကနဦးစစ်ဆေးချက်နဲ့ ပတ်သက်လို့ လက်နက်တွေ အားလုံးဟာ အောင်ဝင်းဇော်နဲ့ မပတ်သက်ဘူးလို့ ငြင်းဆို မေးမြန်းသော်လည်းပဲ ထိရောက်မှုမရှိဘူးလို့ ပြောရမှာပဲ။ နောက်ထပ် လက်နက်မှုနဲ့ ပတ်သက်လို့ စစ်ဆေးစရာ သက်သေတွေ ကျန်နေသေးတယ်။ နောက်ပြီး ရာဇ၀တ်ကြီးမှု အမှတ်ကို စစ်ဆေးတဲ့အခါကျလို့ရှိရင် လက်နက်တွေအားလုံးဟာ သူတို့ ဘယ်လို ဆက်နွှယ်ပြီးတော့ ကြည်လင်းရရှိတဲ့အကြောင်း ပေါ်ပေါက်လာမှာပါ။ ”

ဦးကိုနီလုပ်ကြံခံရမှုမှာ ကြည်လင်း၊ အောင်ဝင်းဇော်တို့ကို ၃၀၂/၃၄ အပြင် လက်နက်မှု ၁၉ (ဃ)၊ ၁၉(စ) တို့နဲ့ စွဲချက်တင်ထားပါတယ်။ အောင်ဝင်းထွန်းကို ထွက်ပြေးတရားခံကို အားပေးအားမြှောက် ပြုတဲ့အတွက် ၂၁၂ နဲ့ စွဲချက်တင်ထားပါတယ်။ ဇေယျာဖြိုးနဲ့ အောင်ဝင်းခိုင်တို့ကိုတော့ ၃၀၂/၃၄ နဲ့ စွဲချက်တင်ထားတယ်လို့ ဦးကိုနီဘက်ကလိုက်မယ့် တရားလွှတ်တော်ရှေ့နေဦးနေလက ပြောပါတယ်။

ဦးကိုနီ လုပ်ကြံခံရမှု ဖမ်းမိထားသူ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ဒုတိယအကြိမ်ရုံးထုတ်တာဖြစ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013