DVB Logo
Home
မြန်မာသတင်း
သင်္ကြန်တွင်း အဝေးပြေးကားများ VIP ထိုင်ခုံသီးသန့်ချန်ထားပေးရန်မလိုတော့
DVB
·
March 24, 2017
သင်္ကြန်တွင်း အဝေးပြေးကားများ VIP ထိုင်ခုံသီးသန့်ချန်ထားပေးရန်မလိုတော့
Donate to DVB

နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလရောက်ရင်  အဝေးပြေးယာဉ်လိုင်းကားတွေမှာ အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းတွေအတွက် VIP ထိုင်ခုံသီးသန့်နေရာချန်ထားဖယ်ထားပေးနေရာက အခုနှစ်မှာတော့ သီးသန့် ဖယ်ထားပေးစရာမလိုတော့ဘူးလို့ အဝေးပြေးယာဉ်လိုင်းပိုင်ရှင်တွေက ပြောပါတယ်။

သင်္ကြန်ကာလ ရုံးပိတ်ရက်တွေမှာ ယာဉ်စီးခတွေ နှုန်းထားတခု သတ်မှတ်ပေးဖို့ မတ် ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ အဝေးပြေးယာဉ်လိုင်းပိုင်ရှင်တွေ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။

ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်တိုးမြင့်က“YRTA ကနေပြီးတော့ အန်တီတို့ လုပ်ငန်းရှင်တွေကို စာဝေထားတာလည်း ရှိပါတယ်။ စည်ပင်ဌာနက ၁၀ ခုံ၊ YRTA က ၈ ခုံပေါ့။ အန်တီတို့ နားလည်ထားတာက အဲဒီလိုပဲ။ ဒါပေမယ့် နောက်ပိုင်းမှာက ကားတစီးတည်းကို ၇ ခုံ၊ ၈ ခုံ ချန်ရမယ်။ ၃၊ ၄ ခုံနံပါတ်တွေကို မရောင်းရဘူးဆိုတဲ့ တားမြစ်ထားတဲ့စာတွေ အောင်မင်္ဂလာထဲမှာ ဂိတ်တိုင်းကို ဝေထားပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အန်တီက မြို့တော်ဝန် ဝန်ကြီးရဲ့ရှေ့မှာ တင်ပြပြီးတော့ ဒါလေးကို နားမလည်လို့၊ ကားတစီးအတွက်ကို ပေးရမှာလား၊ တသင်းအနေနဲ့ ၈ ခုံချန်ရမှာလား။ ကားတစီးအတွက်တိုင်းကို ၈ ခုံချန်ရမှာလား မေးခွန်းကို အန်တီ့ဘက်က တင်ပြခဲ့တဲ့အခါမှာ ဒီစာကို ဘယ်သူဝေထားတာလဲဆိုပြီး YRTA ကို မေးပါတယ်။ YRTA ကို စာဝေထားတဲ့ အကြောင်းအရာကို တိုင်းဒေသကြီးအစိုးရအဖွဲ့က သိရှိထားခြင်းမရှိတဲ့အတွက် ဒီစာထုတ်ထားခြင်းကို ဖျက်သိမ်းပေးဖို့နဲ့ ဒီခုံချန်ထားခွင့် YRTA က တောင်းထားတဲ့ ခုံတွေကို ဒီစာကို ပြန်လည်ရုပ်သိမ်းပေးဖို့ဆိုပြီးတော့ မြို့တော်ဝန်က ခွင့်ပြုခဲ့ပါတယ်။ အန်တီတို့ လုပ်ငန်းရှင်တွေဘက်က ဌာနဆိုင်ရာအတွက်ဆိုတဲ့ ခုံတွေကို မချန်ထားတော့ဖို့၊ ဖျက်သိမ်းပေးဖို့၊ ခရီးသည် ပြည်သူကိုသာ ရောင်းချပေးဖို့ ပြောသွားပါတယ်”လို့ ပြောပါတယ်။

ဌာနဆိုင်ရာက ဝန်ထမ်းတွေ လက်မှတ်ဝယ်ယူရာမှာ အခက်အခဲမဖြစ်စေဖို့ ယာဉ် အရှေ့ ထိုင်ခုံ ၄ ခုံမှ ၁၀ ခုံခန့်စီကို ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ချန်ရောင်းပေးခဲ့ရတယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေက ဆိုပါတယ်။ ဒီနှစ်မှာလည်း ချန်ရောင်းပေးဖို့ တရားဝင်စာ ထုတ်ပြန်ခဲ့ပြီးမှ အခုလို ချန်မရောင်းဖို့ ပြန်လည်ဆုံးဖြတ်ခဲ့တာပါ။

မန်းရာဇာယာဉ်လိုင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဟိန်းက“ကျနော်တို့ကို စည်ပင်ကနေပြီးတော့ စာထုတ်ပါတယ်။ ၁၀ ခုံချန်ပေးရပါမယ်။ မ.ထ.သ က ၈ ခုံ တောင်းတယ်။ အစည်းအဝေးမှာ စည်ပင်မြို့တော်ဝန်နဲ့ ပို့ဆက်ဝန်ကြီးတို့ တွေ့တဲ့အချိန်မှာ ဒါလေးကို မရှင်းလင်းပါဘူးလို့ မေးကြည့်တော့ သူတို့ထုတ်ထားတဲ့စာ မဟုတ်ပါဘူးတဲ့။ ဒီစာအတွက်ကိုလည်း သူတို့အနေနဲ့ ဖျက်သိမ်းပါတယ်လို့ ပြောသွားတယ်။” လို့ ပြောပါတယ်။

လက်ရှိအချိန်အထိတော့ သင်္ကြန်ကာလမှာ အဝေးပြေးကားလက်မှတ်ခတွေ နှုန်းထားတခု တိုးမြှင့်သတ်မှတ်ပေးဖို့ အဝေးပြေးယာဉ်လိုင်းပိုင်ရှင်တွေနဲ့ တိုင်းအစိုးရတို့ ဒုတိယအကြိမ် ညှိနှိုင်းရာမှာ အဖြေမထွက်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013