DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ မြို့နယ်ကွန်ဂရက်ကို ၄ နှစ်တကြိမ်ကျင်းပရန် ဆုံးဖြတ်
DVB
·
March 24, 2017
ကေအန်ယူ မြို့နယ်ကွန်ဂရက်ကို ၄ နှစ်တကြိမ်ကျင်းပရန် ဆုံးဖြတ်
Donate to DVB

ကျင်းပနေဆဲ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်အတွင်း ဖွဲ့စည်းပုံကို ပြန်လည်ဆွေးနွေးသုံးသပ်နေဆဲဖြစ်ပြီး တချို့အချက်တွေကို ပြန်လည်ပြင်ဆင် အတည်ပြုတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မနေ့မတ်လ ၂၃ ရက်နေ့မှာဆိုရင် ကေအန်ယူရဲ့ မြို့နယ်ဆင့်တွေမှာ ယခင်က ၂ နှစ်တကြိမ် ကွန်ဂရက်ကျင်းပရာ ကနေ အခု ၄ နှစ်တကြိမ် ကျင်းပဖို့ ပြင်ဆင် သတ်မှတ်လိုက်တယ်လို့ ကေအန်ယူ ဗဟိုကော်မီတီဝင် ပဒိုသမိန်ထွန်းကပြောပါတယ်။

ဒါ့အပြင် ကေအန်ယူထိန်းချုပ်နယ်မြေမဟုတ်တဲ့နေရာတွေမှာလည်း ကေအန်ယူအစည်းအဝေး တွေ လုပ်ဆောင်နိုင်ဖို့လည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

“ခရိုင်တွေအားလုံးမှာရှိတဲ့မြို့နယ်တွေ ခရိုင်တွေဆိုတာ မြို့နယ်ကနေ အခြေခံတာ။ မြို့နယ်တွေ အားလုံး အဲဒါတွေကို ၄ နှစ်မှာတကြိမ် ကွန်ဂရက်လုပ်ဖို့ ဆုံးဖြတ်တယ်။ နောက်ပြီးမှာ ကေအန်ယူ ခရိုင် ၇ ခုနဲ့ အုပ်ချုပ်ရေးနယ်မြေပေါ့လေ။ ကေအန်ယူအုပ်ချုပ်ရေးနယ်မှာပဲ ကေအန်ယူကို ထားပေမယ့် နောက်ဆိုရင် ကေအန်ယူရဲ့ အုပ်ချုပ်ရေးပြင်ပ ကရင်လူမျိုးတွေရှိတဲ့နေရာမှာလည်း ကေအန်ယူ အစည်းအရုံးကို လုပ်နိုင်ဖို့အတွက် အဲဒါကို ဆွေးနွေးအတည်ပြုခဲ့ကြတယ်။”

ဒါ့အပြင် ကွန်ဂရက်ကျင်းပမယ့်နေ့ရက်တွေနဲ့ ကျင်းပမယ့်အချိန်ရောက်ရင် ရွှေ့ဆိုင်းမှုတွေ မလုပ်နိုင် အောင် စည်းမျဉ်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကို မတ်လ ၁၄ ရက်နေ့ကတည်းက ကေအန်ယူဌာနချုပ် လော်ဃီးလာ(ခေါ်) လေးဝါးစခန်းမှာ စတင်ကျင်းပနေခဲ့ တာပါ။

ကျင်းပချိန် ၂ ပတ်လောက်ကြာလာတဲ့အထိ ကေအန်ယူရဲ့ အခြေခံဥပဒေတွေ၊ ဖွဲ့စည်းပုံတွေ ဆွေးနွေးခဲ့ပြီး လာမယ့် အပတ်မှာတော့ ကေအန်ယူရဲ့အခြေခံလုပ်ငန်းစဉ်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ရှေ့လုပ်ငန်းစဉ်ပြီးတော့မှပဲ လာမယ့် ၄ နှစ်အတွက် ဦးဆောင်မယ့် ခေါင်းဆောင်တွေကို ရွေးကောက်တင်မြောက်မှာဖြစ်ပါတယ်။

ကေအန်ယူရဲ့ ဖွဲ့စည်းပုံအရ မြို့နယ်၊ ခရိုင်နဲ့ ဌာနအသီးသီးက ကိုယ်စားလှယ်တွေကနေ ၀င်ရောက် အရွေးခံပြီး ဗဟိုကော်မီတီ ၃၁ ဦးကို ရွေးကောက်ရမှာဖြစ်ပါတယ်။ အဲဒီထဲကမှ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အတွင်းရေးမှူးတွေကို ပြန်လည်ရွေးချယ်ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013