ဦးကိုနီ လုပ်ကြံမှုတွင် ပါဝင်သည့်တရားခံများကို ဒုတိယအကြိမ်ရုံးထုတ် (ရုပ်သံ)
ကျော်ဇေယျာဝင်း
·
March 24, 2017

ရန်ကုန်မြို့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ မနက်ပိုင်းက ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သတ်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ရုံးထုတ်စစ်ဆေးနေ ပါတယ်။
ဦးကိုနီ လုပ်ကြံခံရမှု ဖမ်းမိထားသူ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ဒုတိယအကြိမ်ရုံးထုတ်တာဖြစ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။