DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်သင်တန်းတက်နေသူများကို ဘူးသီးတောင်မြို့နယ်တွင်ဖမ်းမိ
DVB
·
March 24, 2017
အကြမ်းဖက်သင်တန်းတက်နေသူများကို ဘူးသီးတောင်မြို့နယ်တွင်ဖမ်းမိ
1 / 7
Donate to DVB

ရခိုင်ပြည်နယ်မှာ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်သင်တန်းတက်နေသူတွေအပါအ၀င် လူ တစ်ဒါဇင်ကျော်လောက်ကို ဖော်ထုတ်ဖမ်းဆီးအရေးယူထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

မတ်လ ၁၉ ရက် ညနေက ဘူးသီးတောင်မြို့နယ် တင်းမေရွာမြောက်ဘက် တောင်ကုန်းတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက သတင်းအရ ၀ိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာမှာ မသင်္ကာသူ ၁၃ ဦးကို ဖမ်းဆီး နိုင်ခဲ့တာဖြစ်ပြီး ၆ ဦးဟာ အကြမ်းဖက်သင်တန်းတက်နေသူတွေဖြစ်တယ်၊ ကျန် ၇ ဦးကတော့ ဆက်လက်စစ်ဆေးနေတယ်လို့ သတင်းမှာဖော်ပြပါတယ်။

အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုကြံစည်သူတွေရဲ့ ဝန်ခံပြောချက်အရ အကြမ်းဖက်သင်တန်း လေ့ကျင့်ရေးနေရာတွေကို တင်းမေကျေးရွာ၊ ငမြင်းဘော်ကျေးရွာ၊ ယင်းမကျောက် တော်ကျေးရွာ၊ အင်းချောဘဒနာကျေးရွာစတဲ့ ၄ နေရာမှာ ဖွင့်လှစ်ဖို့ ကြံစည်ခဲ့တာဖြစ်ပြီး အကြမ်းဖက်သင်တန်း ပထမဆုံးစဖွင့်တဲ့ တင်းမေကျေးရွာမှာဘဲ ဖော်ထုတ်တားဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက်သင်တန်းတက်ရောက်သူတွေကို ကိုယ်ခံပညာ၊ အခြေခံစစ်ပညာ၊ အကြမ်းဖက် တိုက်ခိုက်နည်းသင်တန်းတွေ ပို့ချကြောင်း၊ သင်တန်းပြီးပါက ရွာအတွင်း ပြန်လည်နေထိုင်ပြီး လိုအပ်ပါက တဖက်နိုင်ငံကနေ လက်နက်တွေ ယူဆောင်တပ်ဆင်ပေးကာ လုံခြုံရေး တပ်ဖွဲ့စခန်းတွေ ကို အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွေ ပြုလုပ်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မတ်လ ၇ ရက် ညနေကလည်း တင်းမေကျေးရွာအနားမှာ မသင်္ကာဖွယ်လူတစု ရောက်ရှိ နေကြောင်း သတင်းအရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ ကျေးရွာအနီးရှိ လျှိုမြောင်အတွင်း လူနေတဲအကြီး (၁)လုံး၊ အသေး(၃)လုံး တွေ့ရှိရလို့ ဆက်လက်ရှာဖွေရာ ကျောင်းတောင်ကျေးရွာမှ မော်လဝီ အဒူလာမိန်နဲ့ တင်းမေကျေးရွာနေ မာမတ်ဇူဘိုင်တို့ကို မသင်္ကာဖွယ် တွေ့ရှိလို့ ခေါ်ယူစစ်ဆေးမှုခဲ့တယ်လို့သိရပါတယ်။

မသင်္ကာသူ ၂ဦးအနက် မာမတ်ဇူဘိုင်အား စစ်ဆေးမေးမြန်းရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်တဲ့ ဦးလေးဖြစ်သူထံ တရားမ၀င်ဘင်္ဂလားဆင်းကတ်နဲ့ ဖုန်းဆက်ဖို့ ဖုန်းလိုင်းမိတဲ့ မဲဇလီကုန်း သို့ သွားရောက်ခဲ့တာ စစ်ဆေးသိရှိရတဲ့အတွက် ပို့ကုန်/သွင်းကုန် ဥပဒေနဲ့ အရေးယူထားပါတယ်။

အဒူလာမိန်ကို စစ်ဆေးပေါ်ပေါက်ချက်အရ သူဟာ အကြမ်းဖက်သင်တန်းသားဖြစ်တယ်လို့ သိရှိရတဲ့အတွက် အဒူလာမိန်နဲ့ အပေါင်းအပါတွေကို မတရားအသင်းအက်ဥပဒေနဲ့ အမှုဖွင့် အရေးယူ ထားတယ်လို့ အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013