DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့က အကြီးကျယ်ဆုံး အလုံဘိုးတော်ကြီးပွဲ
DVB
·
March 24, 2017
မုံရွာမြို့က အကြီးကျယ်ဆုံး အလုံဘိုးတော်ကြီးပွဲ
1 / 10
Donate to DVB

ရှေးအစဉ်အဆက် နှစ်ပေါင်းမြောက်မြားစွာကတည်းက နှစ်စဉ် တပေါင်းလပြည့်ကျော် ၅ ရက်နေ့မှ ၁၅ ရက်နေ့တိုင်တိုင် စည်ကားစွာကျင်းပခဲ့တဲ့ အလုံဘိုးတော်ကြီးပွဲကို မုံရွာမြို့ အလုံဘိုးတော်ကြီး နတ်နန်းမှာ စည်ကားစွာကျင်းပနေပါတယ်။

ဒီပွဲက နတ်ပွဲတခုသာမဟုတ်ဘဲ ဒေသခံတွေရဲ့ ကုန်စည်ဖလှယ်ရာ ပွဲတစ်ခုလည်းဖြစ်ပါတယ်။ တောင်သူအသုံးအဆောင်ပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ အဝတ်အထည် အိုးခွက်ပန်းကန်မျိုးစုံ၊ ဒေသထွက်မုန့်ပဲသရေစာမျိုးစုံ၊ အသုံးအဆောင်မျိုးစုံကိုလည်း ဈေးလမ်းတလျှောက်မှာ ဝယ်ယူနိုင်ပါ တယ်။

အနယ်နယ်အရပ်ရပ်ကို ရောက်ရှိနေကြတဲ့ အလုံသူ၊ အလုံသားတို့ရဲ့ ပြန်လည်ဆုံတွေ့ကြတဲ့ပွဲ ဆိုလည်း မှားမည်မထင်ပါ။

ကျွဲလှည်းဝင်ရာ တပေါင်းလပြည့်ကျော် ၉ ရက်နေ့က အစည်ကားဆုံးဖြစ်သည်။ နတ်ပွဲ နောက်ဆုံး နေ့မှာတော့ ဘုရားမှာ ဆွမ်းလောင်းပြီး နတ်ပွဲကို ပြီးဆုံးစေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013