DVB Logo
Home
မြန်မာသတင်း
အမေရိကန်တွင် ပစ်ခတ်မှုဖြစ်၊ ရဲအရာရှိ ၁ ဦးနှင့် အရပ်သား ၃ ဦး သေဆုံး (ရုပ်သံ)
DVB
·
March 24, 2017
အမေရိကန်တွင် ပစ်ခတ်မှုဖြစ်၊ ရဲအရာရှိ ၁ ဦးနှင့် အရပ်သား ၃ ဦး သေဆုံး (ရုပ်သံ)
Donate to DVB

မတ်လ ၂၂ ရက် နေ့လယ်ပိုင်းက အမေရိကန်နိုင်ငံ ဝစ္စကွန်စင်ပြည်နယ်၊ စန်ထရယ်ဝစ္စကွန်စင်ဒေသမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုကြောင့် ရဲအရာရှိတဦးနဲ့ အရပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

အခုအခါ ပစ်ခတ်သူကိုဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ အဲဗားရက်စ်မက်ထရို ရဲစခန်းမှူးက ပြောပါတယ်။

သူက ဆက်လက်ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနာက်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းတံခါးတွေကိုခဏ ပိတ်လိုက်ပါတယ်။

ကျောင်းသားတွေကို ကျောင်းထဲမှာပဲ ခေတ္တထိန်းသိမ်းထားခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက် အကြမ်းဖက်မှုခံစားခဲ့ရသူတွေအတွက် ၀မ်းနည်းကြောင်းနဲ့ ဆုတောင်းပေးနေတဲ့အကြောင်း အဲဗားရက်စ်မက်ထရိုရဲစခန်းမှူးက ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013