ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အစည်းအဝေးပြန်တက်
DVB
·
March 23, 2017

မကြာသေးခင်ကမှ နှလုံးခွဲစိတ်ကုသမှုခံယူထားလို့ ခေတ္တအနားယူနေတဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ဒီကနေ့ မတ်လ ၂၃ ရက် မွန်းလွဲပိုင်းက ကျင်းပတဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးမှာ ပါဝင်တက်ရောက်နေတာကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မြင်တွေ့ရပါတယ်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ မွေးရာပါနှလုံးအဆို့ရှင် မလုံတာနဲ့ သက်ဆိုင်တဲ့ သွေးကြောမကြီး ကြီးနေလို့ ပြီးခဲ့တဲ့မတ်လ ၅ ရက်က ရန်ကင်းကလေးဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။