DVB Logo
Home
မြန်မာသတင်း
အဲန် (သို့မဟုတ်) ရိုးရာကိုစောင့်ရှောက်နေတဲ့ လူမျိုးစု
DVB
·
March 23, 2017
အဲန် (သို့မဟုတ်) ရိုးရာကိုစောင့်ရှောက်နေတဲ့ လူမျိုးစု
1 / 8
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ကနေ ၁၃ မိုင်လောက်ကွာဝေးတဲ့ တောင်တန်းတွေပေါ်မှာ အဲန်လူမျိုးစုတိုင်းရင်းသားတွေ နေထိုင်ကြတဲ့ ဝမ်နောင်ရွာလေးတည်ရှိပါတယ်။ ၁၃ မိုင်ခရီးဆိုပေမယ့် လမ်းခရီးကြမ်း တမ်းတာကြောင့် ဆိုင်ကယ်နဲ့ ၄ နာရီ ၅ နာရီလောက်သွားရပါတယ်။

အဲန် ဆိုတာ ရှမ်းစကားလို ပြေးလွှားတယ်လို့ အဓိပ္ပါယ်ရပါတယ်။ အဲန်လူမျိုးတွေက နတ်ကိုးကွယ်မှုကို လက်ရှိအချိန်ထိ သက်ဝင်ယုံကြည်နေကြပါတယ်။ အဲန်လူမျိုးတွေက အုပ်စုဖွဲ့ အမဲလိုက်တဲ့ အလေ့အထရှိတယ်။

မိန်းခလေးအများစုက အိမ်တွင်းမှုလုပ်ငန်းတွေဖြစ်တဲ့ အထည်၊ အင်္ကျီတွေရက်လုပ်ကြတယ်။ အဲန်လူမျိုးစုတွေအကြောင်းကို လေ့လာနေသူတဦးကတော့ အဲန်လူမျိုးတွေဟာ ဘုရင်တွေ လက်ထက်က ဆင်ထိန်း၊ မြင်းထိန်း အမှုတော်ထမ်းရွက်ခဲ့သူတွေဖြစ်တယ်လို့ပြောပါတယ်။

ယောင်္ကျား၊ မိန်းမ မရွေး သွားတွေကို မဲနေအောင် သစ်ခေါက်နဲ့ ပွတ်ထားလို့ လူတိုင်းရဲ့ သွားတွေ မဲနေကြပါတယ်။ အဲန်လူမျိုးတွေဟာ စကားအရာမှာ အလွန်ကြွယ်ဝလှတယ်ပြီး သူစိမ်းဆိုရင် ရွာထဲ အ၀င်မခံပေမယ့် ခင်မင်မိပြီဆိုရင်တော့ ဖော်ရွေလွန်းလှပါတယ်။

ဓာတ်ပုံ- ဖိုးကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013