DVB Logo
Home
မြန်မာသတင်း
ကျည်ဆန်က မတော်တဆလာမှန်တာ၊ လုပ်ကြံတာမဟုတ်ဘူး - ရဲချုပ် (ရုပ်သံ)
DVB
·
March 23, 2017
ကျည်ဆန်က မတော်တဆလာမှန်တာ၊ လုပ်ကြံတာမဟုတ်ဘူး - ရဲချုပ်  (ရုပ်သံ)
Donate to DVB



ပြည်ကြီးတံခွန်မြို့နယ်မှာ ဆိုင်ကယ်တက္ကစီသမား သေနတ်ကျည်ဆန် ထိမှန်သေဆုံးတာဟာ မတော်တဆ ထိမှန်ခဲ့တာဖြစ်ပြီး ပစ်ခတ်လုပ်ကြံတာ မဟုတ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ပြောကြားလိုက်ပါတယ်။

မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ် ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ ကျန်စစ်သားလမ်းမှာ မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ် တက္ကစီသမား ကိုရဲဝင်းဟာ သေနတ်ကျည်ဆန် ထိမှန် သေဆုံးခဲ့ပါတယ်။

နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်မှာ မတ် ၂၃ ရက်က ကျင်းပတဲ့ ပထမအကြိမ် မြန်မာနိုင်ငံအမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ မူကြမ်းဆိုင်ရာ ဆွေးနွေးပွဲ ခေတ္တနားချိန် သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ရဲချုပ် ဇော်ဝင်းက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“ကြည့်ရတဲ့ အနေအထားက accident ပါ။ ကျည်ဆန်က တနေရာရာကနေ မတော်တဆ ဖြစ်ပြီးလာမှန်တာ။ ပစ်ခတ် လုပ်ကြံတာတော့ မဟုတ်ဘူး။ ပစ်ခတ်လုပ်ကြံတာလို့တော့ မတွေ့ဘူး။ အဲနားမှာလည်း ဘာပစ်ခတ်သံမှလည်း မကြားရဘူး။ ဘယ်လိုဖြစ်လဲဆိုတဲ့ ဖြစ်စဉ်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ ကျည်ဆန်အမျိုးအစားနဲ့ ဖြစ်စဉ်ကို သက်ဆိုင်ရာက စစ်ဆေး ဆောင်ရွက်နေပြီး ဖြစ်စဉ်ကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့လည်း ရဲချုပ်ဇော်ဝင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013