DVB Logo
Home
မြန်မာသတင်း
စီးပွားဖြစ် ရေကစားမဏ္ဍပ်တွေ စိစစ်ခွင့်ပြုသွားမည်
DVB
·
March 23, 2017
စီးပွားဖြစ် ရေကစားမဏ္ဍပ်တွေ စိစစ်ခွင့်ပြုသွားမည်
Donate to DVB

 

အခု ၂၀၁၇ ခုနှစ် သင်္ကြန်မှာ စီးပွားဖြစ်ရေကစား မဏ္ဍပ်တွေဆောက်လုပ်ခွင့်အတွက် စိစစ်ခွင့်ပြု သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မီတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ခြံကြီး၊ ၀င်းကြီးတွေမှာ စီးပွားဖြစ် ရေကစား မဏ္ဍပ်တွေ ဆောင်ရွက်ခွင်ပြုမှာဖြစ်ပြီး ရေကစားလိုတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ နေရာငှားရမ်းတာ၊ ရှာဖွေတာတွေ လုပ်ပြီးရင် ကော်မတီကို နေရာနဲ့ အရွယ်အစားကို တင်ပြရမှာဖြစ်ပါတယ်။ တင်ပြတဲ့ပေါ် ခွင့်ပြုဖို့ သင့်မသင့်ကို စိစစ်ပေးမှာဖြစ်တယ်လို့ လည်း မဏ္ဍပ်နေရာချထားရေးနှင့် ကြံ့ခိုင်မှု စစ်ဆေးရေးကော်မီတီအတွင်းရေးမှူး ဦးသန်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့နဲ့ အဆင်ပြေမယ့် မဏ္ဍပ်ဆောက်လုပ်ဖို့အရေအတွက် တင်ပြလာတဲ့ လျှောက်လွှာပေါ် မူတည်ပြီး စိစစ်ဆုံးဖြတ်သွားမှာဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

မဏ္ဍပ်တွေကို ဒီလ ၂၅ ရက်နေ့နောက်ဆုံးထားလျောက်ထားရမှာဖြစ်ပြီး အင်းယားကန်နဲ့ ကန်တော်ကြီးတွေမှာတော့ မဏ္ဍပ်ဆောက်လုပ်ခွင့် မပြုပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013