DVB Logo
Home
မြန်မာသတင်း
ပိုးမွှားကျပြီး အထွက်နှုန်းကျဆင်းနေသည့် မြိုင်မြို့နယ်က ပဲစင်းငုံစိုက်ခင်းများ (သတင်းဓာတ်ပုံ)
DVB
·
March 23, 2017
ပိုးမွှားကျပြီး အထွက်နှုန်းကျဆင်းနေသည့် မြိုင်မြို့နယ်က ပဲစင်းငုံစိုက်ခင်းများ (သတင်းဓာတ်ပုံ)
1 / 3
Donate to DVB

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ကျောက်ဆောက်ကျေးရွာက ပဲစင်းငုံစိုက်ခင်းအများစုဟာ ဒီနှစ်မှာ ပိုးမွှားတွေကျရောက်နေတဲ့အတွက် အထွက်နှုန်းတွေကျဆင်းပြီး တောင်သူတွေ အခက်အခဲဖြစ်ပေါ်နေပါတယ်။

ဒီနှစ်မှာ အထွက်နှုန်းကျတဲ့အပြင် ဈေးနှုန်းအနေအထားကလဲ ကျဆင်းနေတယ်လို့ ပဲစင်းငုံစိုက်တောင်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒီလိုအချိန်ဆိုရင် ပဲစင်းငုံ ၁တင်းကို ကျပ်ငွေ ၄သောင်းလောက်ရှိပေမယ့် အခုလက်ရှိမှာတော့ ကျပ် ၂သောင်းကျော်လောက်ပဲရရှိပါတယ်။

ပဲစင်းငုံဟာ အခြားသီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း စတာတွေနဲ့ ရောညှပ်ပြီး သီးထပ်သီးညှပ်စိုက်ပျိုးရတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ပဲစင်းငုံကို ကုန်သည်ဒိုင်တွေက ပဲမာလို့လဲခေါ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013