DVB Logo
Home
မြန်မာသတင်း
ရဲကဖမ်းဆီးစဉ်ဓားဖြင့်ခုခံသည့် မူးယစ်ရမ်းကားသူကို သန်လျင်မြို့၌ ပစ်ခတ်ဖမ်းဆီး
DVB
·
March 23, 2017
ရဲကဖမ်းဆီးစဉ်ဓားဖြင့်ခုခံသည့် မူးယစ်ရမ်းကားသူကို သန်လျင်မြို့၌ ပစ်ခတ်ဖမ်းဆီး
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မှာ မနေ့က အရက်သောက်ပြီး ဓားကိုင်ရမ်းကားသူကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရာမှာ  ဓားနဲ့ပြန်လည်ခုခံတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရ ပါတယ်။

သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာ၊ သဒ္ဒါ ၂ လမ်းပေါ်မှာ မတ်လ ၂၂ ရက်နေ့ ညနေပိုင်းက ခြေချုပ်ခံဝန်နဲ့ အရေးယူခံထားရသူ ၀တုတ်(ခ) အောင်ထွန်းလင်း (၂၆) နှစ်ဟာ အရက်သောက်ပြီး ဓားကိုင်ရမ်းကားနေတဲ့ သတင်းအရ သန်လျင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် တွေဟာ သက်သေတွေနဲ့အတူ သွားရောက်ထိန်းသိမ်းခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သန်လျင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့ရာ မူးယစ်ရမ်းကားနေတဲ့ ၀တုတ်(ခ) အောင်ထွန်းလင်းက သူရဲ့ လက်နှစ်ဘက်မှာ အသားလှီး ဓားတချောင်းစီ ကိုင်ဆောင်  ပြေးလာပြီး ရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့ခုတ်တဲ့အတွက် သေနတ်ကိုင်ရဲတပ်ဖွဲ့ဝင်တဦးက ၁၂ ဘို့ Pump Action ပြောင်းချော သေနတ်နဲ့ ခြောက်လှန့်ကာ ၁ ချက်ပစ်ခတ်ပေမယ့်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် အန္တရာယ်ပြုတာကြောင့် သေနတ် ၃ ချက်ပစ်ခတ်ကာ ထိန်းသိမ်းဖမ်းဆီးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသူ ၀တုတ်(ခ)အောင်ထွန်းလင်းအား ရှာဖွေရာ ပလတ်စတစ်အိတ် အကြည်ပတ်လျက်ခဲပြား အသေး ၁ ခုနဲ့ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁ ပြား၊ မီးခြစ် ၁ လုံးတို့အားရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုခုခံတဲ့ ၀တုတ်(ခ)အောင်ထွန်းလင်းကို သန်လျင်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၊ လက်နက်အက်ဥပဒေ

ပုဒ်မတို့နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013