DVB Logo
Home
မြန်မာသတင်း
မိုးညှင်း ဘုရားအလှူခံပုံး ငွေဖောက်ခိုးသူကို ၁ ပတ်အကြာတွင် ဖမ်းမိ
DVB
·
March 23, 2017
မိုးညှင်း ဘုရားအလှူခံပုံး ငွေဖောက်ခိုးသူကို ၁ ပတ်အကြာတွင် ဖမ်းမိ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြေနဲ့ကျေးရွာ၊ မိုးညှင်းသမ္ဗုဒ္ဓေဘုရား အလှူခံပုံးမှာ မတ်လ ၁၄ ရက်နေ့က ငွေဖောက်ထွင်းခိုးယူခဲ့သူကို ၁ ပတ်ကျော်အကြာ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ မုံရွာမြို့မရဲစခန်းက ဖမ်းဆီးရမိခဲ့ပါတယ်။

ရဲစခန်းရဲ့ စစ်ဆေးချက်တွေအရ အလှူခံပုံး ဖောက်ထွင်းခိုးယူသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ အမှတ် ၁ ရပ်ကွက်မြို့သစ်မှာ နေထိုင်သူ ကျပန်းလုပ်ကိုင်တဲ့ အသက် ၃၂ နှစ်အရွယ် မျိုးအောင်ထက် (ခေါ်)ပြဲပြဲ ဆိုသူဖြစ်ပါတယ်။

ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ တပတ်ကျော်ကြာအချိန်က ငွေခိုးယူသွားသူလို့ သံသယရှိသူနဲ့ ပုံစံတူလူတဦးကို မြေနဲ့ရွာမှာ ဆိုင်ကယ် ကယ်ရီမောင်းသူ ကိုမျိုးတင့်ကတွေ့ရှိလို့ ရဲစခန်းကို ဆက်သွယ် အကြောင်းကြားရာ မုံရွာ-ရွှေဘိုပြေးဆွဲနေတဲ့ ကံရာမင်းကားပေါ်မှာ မသင်္ကာဖွယ်လူတဦးကို ငွေစက္ကူရောရာ ၇ သိန်း ၆ သောင်းကျော်နဲ့အတူ ရှာဖွေတွေ့ရှိခဲ့ပြီး စခန်းကို ခေါ်ယူစစ်ဆေးရာမှ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းက (ပ)၂၇၆/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ မုံရွာမြို့မရဲစခန်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013