DVB Logo
Home
မြန်မာသတင်း
ရခိုင်ကော်မရှင်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်စုံစမ်းမေးမြန်း
DVB
·
March 23, 2017
ရခိုင်ကော်မရှင်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်စုံစမ်းမေးမြန်း
1 / 2
Donate to DVB

 

ပြီးခဲ့တဲ့အောက်တိုဘာလ အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွေအပြီး ထွက်ပြေးသွားသူတွေကို ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်း စစ်ဆေးရေးကော်မရှင်တာဝန်ရှိသူတွေက ဘင်္ဂလားဒေ့ရှ်ကို သွားရောက်တွေ့ဆုံ စုံစမ်းမေးမြန်းခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က အတွင်းရေးမှူး ဦးဇော်မြင့်ဖေခေါင်းဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မတ်၁၈ရက်မှ ၂၂ ရက်အထိ သွားရောက်ပြီး  ကောက်စ်ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည် စခန်း ၃ ခုမှာ  မေးမြန်း စုံစမ်းမှုတွေပြုလုပ်ခဲ့တာလို့ အစိုးရကသတင်းထုတ်ပြန်ပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေဟာ  Kutupalong ဒုက္ခသည် စခန်းရှိ အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသား တွေကို သီးခြားစီ တွေ့ဆုံမေးမြန်း စုံစမ်းခဲ့သလို Balukhali ဒုက္ခသည်စခန်းသို့ သွားရောက်ပြီးလည်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (အိုင်အိုအမ်) အစီအစဉ်နဲ့ အမျိုးသား (၅) ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၈ ဦးတို့ကို ခန်းဆီးအပိုင်းကာရံပြီး တစ်ဦးချင်းရော အုပ်စုလိုက်ပါ မေးမြန်း ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် Leda ဒုက္ခသည်စခန်းကို သွားရောက်ပြီးလည်း  အမျိုးသမီး ၅ ဦး၊ အမျိုးသား ၃ ဦး စုစုပေါင်း ၈ ဦးတို့အား ခန်းဆီးအပြည့်ကာရံ မေးမြန်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေး မေးမြန်းရာမှာ ဘာတွေမေးမြန်းဖြေကြားခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

  ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မောင်တောဒေသမှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းစစ်ဆင်ရေးအတွင်း အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်တာတွေရှိခဲ့တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ အမျိုးသမီးတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကုလသမဂ္ဂအရာရှိတွေအပါအ၀င် နိုင်ငံတကာ မီဒီယာတွေမှာ စွပ်စွဲပြောဆိုရေးသားအစီရင်ခံစာတွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကော်မရှင်အနေနဲ့ကတော့ အစီရင်ခံစာ တင်ပြရာမှာ  ပြဿနာတွေကို လွှမ်းခြုံသုံးသပ် လက်တွေ့ ဖြေရှင်းချက်တွေ ပါဝင်တဲ့ အကြံပြုချက်တွေကို တင်သွင်းနိုင်ဖို့ရည်ရွယ်ပြီး တဖက်နိုင်ငံက ဒုက္ခသည် စခန်းတွေကို ခက်ခက်ခဲခဲ သွားရောက်ခဲ့တာလို့ အစိုးရကသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့မှာ အတွင်းရေးမှူး ဦးဇော်မြင့်ဖေနဲ့ ကော်မရှင်အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးထွန်းမြတ်၊ ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာ ဒေါ်သက်သက်ဇင်၊ ဦးညွန့်ဆွေ၊ ဒေါ်ကျိန်ငိုက်မန်တို့လိုက်ပါသွားပါတယ်။

ဓာတ်ပုံ - MOI

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013