
အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍပူးပေါင်းပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ပါလုပ်ငန်းစဉ်တွေကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ UMFCCI မှာ ကျင်းပနေပါတယ်။
အဲဒီ နှီးနှောဖလှယ်ပွဲကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်ထောင်စုသမ္မတ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွေက အမြဲတမ်းအတွင်းဝန်များ၊ ပညာရေးဝန်ကြီးဌာနနည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယညွှန်ကြားရေးမှူးတွေ တက်ရောက်ကြပြီး ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပုဂ္ဂလိကကဏ္ဍလူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်လာစေဖို့ မတ်လ ၂၃ နဲ့ ၂၄ ရက်နှစ်ရက်ကြာဆွေးနွေးသွားကြမှာပါ။











