DVB Logo
Home
မြန်မာသတင်း
အဆိုတော်သရုပ်ဆောင်စိုင်းစိုင်း မွေးနေ့ရှိုးပွဲ မန္တလေးတွင် ပြုလုပ်မည်
DVB
·
March 23, 2017
အဆိုတော်သရုပ်ဆောင်စိုင်းစိုင်း မွေးနေ့ရှိုးပွဲ မန္တလေးတွင် ပြုလုပ်မည်
1 / 2
Donate to DVB

မန္တလေးမြို့မှာ အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းဟာ သူရဲ့ မွေးနေ့ရှိုးပွဲကို လာမယ့် ဧပြီလ ၁၀ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ  ကျင်းပမယ့် Sai Sai birthday show ပွဲကို ဧပြီလ ၁၀ ရက်နေ့ ညနေ ၅ နာရီ မန္တလာသိရီအားကစားကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး လက်မှတ်တစောင်ကို ၉၀၀၀ ကျပ်နှုန်းနဲ့ မတ်လ၃၀ရက်နေ့မှစတင်ပြီး ရောင်းချပေးသွားမှာဖြစ်ပါတယ်။

Sai Sai birthday show ပွဲမှာ သီချင်းပုဒ်ရေ ၄၀ ကျော်နဲ့ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပြီး ဘန်နီဖြိုး၊ ကောင်းဆက်၊ ငယ်ငယ်တို့နဲ့အတူ အနုပညာရှင်တွေ ပါဝင်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

စိုင်းစိုင်းရဲ့ မွေးနေ့ဖျော်ဖြေပွဲမှာ မန္တလေးမြို့ရဲ့ နာမည်ကြီးတီဝိုင်းဖြစ်တဲ့ မြို့မတေးဂီတအဖွဲ့ကလည်း ပါဝင် တီးခတ်ပေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013