DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်တွင် ရထား ၂ စင်း ခေါင်းချင်းဆိုင်တိုက်မိ
DVB
·
March 22, 2017
ကန့်ဘလူမြို့နယ်တွင် ရထား ၂ စင်း ခေါင်းချင်းဆိုင်တိုက်မိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ရဲ့ မြောက်ဘက် ၃ မိုင်လောက်အကွာရှိ လိပ်တ္တူ ကျေးရွာအနီး မန္တလေး-မြစ်ကြီးနား ရထားလမ်းမိုင်တိုင်အမှတ် ၄၉၃/၂ နှင့် ၄၉၃/၃ အကြားမှာ ဒီနေ့မနက်အစောပိုင်းက ရထား ၂ စင်း ခေါင်းချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

မြစ်ကြီးနားမှ မန္တလေးသို့ စက်ခေါင်းမောင်း ဦးရန်မျိုးအောင် မောင်းနှင်ထွက်ခွာလာသည့် ၄၂ အစုန် ခရီးသည်တင်ရထားနဲ့ မန္တလေးမှ စက်ခေါင်းမောင်း ဦးသန်းထိုက် မောင်းနှင်ထွက်ခွာလာတဲ့ ၄၁ အဆန် ခရီးသည်တင်ရထား ၂ စင်းတို့ ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ အမှတ် ၄၁ မန္တလေး-မြစ်ကြီးနား ခရီးသည်တင် အဆန်ရထားဟာ ကန့်ဘလူဘူတာမှာ ရပ်တန့်စောင့်ဆိုင်းရမှာဖြစ်ပေမယ့် စက်ခေါင်းမောင်းရဲ့ အားနည်းချက်ကြောင့် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ထွက်ခွာသွားခဲ့ရာ ရထားပေါ် ပါရှိတဲ့ တာဝန်ရှိသူတဦးက အရေးပေါ်ဘရိတ်တွေကို ဆွဲခဲ့လို့ ရထားအရှိန်လျော့သွားချိန်မှာ မြစ်ကြီးနားမှထွက်ခွာလာတဲ့ အမှတ် ၄၂ အစုန်ခရီးသည်တင် ရထားနဲ့ ခေါင်းချင်းဆိုင်တိုက်မိခဲ့တာပါ။

ရထားတိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုမရှိပေမယ့် ရထားခေါင်းတွဲချော်သွားခဲ့တယ်လို့ ကန့်ဘလူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်သူဟန်ထွန်းက ပြောပါတယ်။

“ဘာမှ လူအသေအပျောက်မရှိဘူး။ စက်ခေါင်းတွဲ ၂ တွဲခိုက်ပျက်စီးသွားတာပဲရှိပါတယ်။ ”

အခင်းဖြစ်ပွားရာကို တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ သွားရောက်ပြီး ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013