DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 22, 2017
Donate to DVB

ရွှေသခွား
မူဆယ်ကုန်စည်ဒိုင်မှာ တရုတ်နိုင်ငံကို အဓိက တင်ပို့နေတဲ့ ရွှေသခွားမွှေးသီးက ငွေကျပ် ၂ သိန်းနီးပါ ဈေးကျ ဆင်းသွားပါတယ်။ ဒီနေ့ပေါက်ဈေးက ၄၄၃၉၀၀ ကနေ ၅၄၀၄၀၀ ကျပ်ဈေး ရှိပါတယ်။

ဖရဲသီး ၈၅၅
ဖရဲသီး ၈၅၅ ကလည်း ဒီနေ့မှာ ငွေကျပ် ၁၉၀၀၀ ကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ကျပ်ငွေ ၂၈၉၅၀၀ ကနေ ၃၂၈၁၀၀ ကျပ်ပေါက်ဈေး ရှိပါတယ်။

နှမ်းနက် (စမုံ)
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက် (စမုံ) ဟာ တစ်အိတ်ကို ငွေကျပ် ၇၀၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁၄၂၀၀၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။

နှမ်းဖြူ
နှမ်းဖြူကတော့ ဒီနေ့ ပေါက်ဈေးက ၁၀၇၀၀၀ ကျပ် ရှိပြီး ငွေကျပ် ၂၀၀၀ တက်လာပါတယ်။

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပြည်ပကို အဓိကတင်ပို့နေတဲ့ မတ်ပဲက ငွေကျပ် ၈၀၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁၁၅၈၀၀၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ တစ်ပိဿာကို ၇၅ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တစ်ပိဿာ ကို ၁၂၅၀ ကျပ် ရှိနေပါတယ်။

ကုလားပဲလုံး
ကုလားပဲလုံးကတော့ ဒီနေ့မှာ ငွေကျပ် ၅၀ ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက ၁၉၀၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။

ပြောင်း
လားရှိုးကုန်စည်ဒိုင်မှာတော့ စီပီပြောင်းဟာ တစ်ပိဿာကို ၃၂၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁၀ ကျပ် လောက်ဈေး တက်လာပါတယ်။

အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013