DVB Logo
Home
မြန်မာသတင်း
ပရိသတ်ကို ငိုခိုင်းတာ များလှပြီ၊ ဒီတခါ ပျော်စေချင်တယ် - ဖြူဖြူကျော်သိန်း (ရုပ်သံ)
DVB
·
March 22, 2017
ပရိသတ်ကို ငိုခိုင်းတာ များလှပြီ၊ ဒီတခါ ပျော်စေချင်တယ် - ဖြူဖြူကျော်သိန်း (ရုပ်သံ)
Donate to DVB


ဖြူဖြူကျော်သိန်းရဲ့ April Fool DVD Karaoke အခွေ စာနယ်ဇင်းမိတ်ဆက်ပွဲကို မတ်လ၂၀ ရက်နေ့ ဗိုလ်တထောင်ဘုရားလမ်း Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် မတ်လ ၂၅ ရက်မှာ ဘိုဘိုတေးထုတ်လုပ်ရေးကနေ ဖြန့်ချိပေးမှာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်ကစပြီး MRTV4 ကနေ ထုတ်လွှင့်ပြသပေးမှာဖြစ်ပါတယ်။

April Fool DVD ကို ဒါရိုက်တာ Mitos Carameng က ရိုက်ကူးပေးထားတာဖြစ်ပြီး ဖြူဖြူကျော်သိန်းရဲ့အမိုက်စားဖက်ရှင်များနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

“ဖြူဖြူ့ကိုဆိုရင် ပရိသတ်တွေကလေ အသည်းကွဲသီချင်း၊ အဆွေး အလွမ်းလေးတွေရော ဆိုတယ်ပေါ့နော်။ ပရိသတ်တွေကို ငိုခိုင်းတာလည်း များလှပြီ။ ဆိုတော့ ခဏခဏ ပေါက်လိုက်တဲ့သီချင်းတွေဆိုရင်လည်း အဆွေးသီချင်းလေးတွေပေါ့။ ဒီတခါ ပရိသတ်ကို ဖြူဖြူက ပျော်စေချင်တယ်။ လန်းလန်းထ၊ လက်လက်ထ နေစေချင်တယ်။ သီချင်းတွေကတော့ အဲဒါနဲ့ပဲ အသည်းမကွဲတော့ဘူးလားဆိုတော့လည်း မဟုတ်ဘူးရှင့်။ အသည်းကွဲသီချင်းတွေတော့ ပါတယ်။ April Fool ဆိုပြီး သင်္ကြန်နားမှာ ထွက်ပေမယ့် သင်္ကြန်အခွေတော့ လုံးဝမဟုတ်ပါဘူး။ သင်္ကြန်သီချင်းလည်း တပုဒ်မှ မပါပါဘူး။ ဒါပေမယ့် အချစ်သီချင်း၊ အသည်းကွဲသီချင်း။ အသည်းကွဲပြီးသွားပေမယ့်လည်း တယောက်တည်း ဆက်ပြီးတော့ အေးအေးဆေးဆေး ဖလန်းဖလန်းထပြီး ဆက်နေလို့ရတယ်၊ ကိစ္စမရှိဘူးဆိုတဲ့ စတိုင်နဲ့ သီချင်းတွေပါ။ ပြီးတော့ ဒိုးဒိုးဒန့်ဒန့် ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ မြူးလို့ ကြွလို့ ကလို့ရမယ့် သီချင်းတွေ ပါတယ်။ ရိုက်ထားတဲ့ ပုံစံတွေ ဆိုရင်တော့ April Fool သီချင်းမှာဆိုရင် အခုလိုမျိုး အုန်းမှုတ်ခွက်ဆံပင်နဲ့ပေါ့။ အရူးမဆံပင်ပုံစံနဲ့ပေါ့။ အဲဒီလိုလေး သရုပ်ဆောင်ထားတယ်။ နောက်တပုဒ် Let you Go မှာဆိုရင်တော့ လူဆိုးမ၊ ဂိုဏ်းစတား အဲဒီလိုပုံစံနဲ့ သရုပ်ဆောင်ထားတယ်။ နောက်တပုဒ်က Sorry Girl မှာဆိုရင်တော့ သွေးစုပ်ဖုတ်ကောင် Vampire ပေါ့။ သိပ်တော့ကြောက်စရာမကောင်းပါဘူး။ အဲဒီပုံစံလေးနဲ့ သရုပ်ဆောင်ထားပါတယ်။ နောက်ဆုံးတပုဒ် No More မှာဆိုရင် ဖြူဖြူ့ရဲ့ ချစ်ပရိသတ်တွေ ဖြူဖြူကို စင်ပေါ်မှာမြင်နေရတဲ့ပုံစံမျိုး မဟုတ်ဘဲနဲ့ အပြင်မှာ ရိုးရိုးသာမန် ကောင်မလေးတယောက်အနေနဲ့ သွားလာလှုပ်ရှားနေတဲ့ ပုံစံလေးနဲ့ အမှတ်တရ ရိုက်ကူးပေးထားပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013