DVB Logo
Home
မြန်မာသတင်း
အင်းဝအပ်ချုပ်ဆိုင်တွင် နှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေး၏ လက်ခွဲစိတ်မှုအောင်မြင်
DVB
·
March 22, 2017
အင်းဝအပ်ချုပ်ဆိုင်တွင် နှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေး၏ လက်ခွဲစိတ်မှုအောင်မြင်
Donate to DVB

 

ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေး ၂ ဦးထဲက တစ်ဦးကို လက်ခွဲစိတ်ကုသမှု ရာနှုန်းပြည့်အောင်မြင်သွားပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ရန်ကုန်မြို့တွင်း အင်းဝအပ်ချုပ်ဆိုင်က ညှဉ်းပန်းနှိပ်စက်ခံရတဲ့ မိန်းကလေး ၂ ဦးအမှုကို ရန်ကုန်ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ထားရှိပြီး ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် အပြင်းအထန် ထိခိုက်ခဲ့တဲ့ လက်ကဒဏ်ရာတွေကို ခွဲစိတ်ကုခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အိမ်အကူမိန်းကလေးတဦးဟာ ရာနှုန်းပြည့်ခွဲစိတ်ကုသမှု အောင်မြင်သွားပြီ ဖြစ်တဲ့အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုသမှုတွေခံယူနေပြီဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

“အခုဆိုရင် အိမ်အကူကလေးမလေးနှစ်ဦးထဲက တဦးကတော့ ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ပြီး သွားလို့ ကျမတို့ ဝန်ကြီးဌနမှာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အကူညီပေး၊ ကုသမှုတွေ ခံယူနေပါပြီ။ ကျန်တဲ့တယောက်ကတော့ ခွဲစိတ်ကုသမှုတွေ ခံယူဖို့အတွက် ရန်ကုန်ဆေးရုံကြီးမှာဘဲ အတွင်းလူနာ အဖြစ် ဆက်ရှိနေပါသေးတယ်”လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ပြောပါတယ်။

အိမ်အကူမိန်းကလေးတဦးကိုတော့ ခွဲစိတ်ကုသမှုတွေလုပ်ဆောင်ဖို့ လိုအပ်နေသေးတဲ့ အတွက် ရန်ကုန်ဆေးရုံကြီးမှာပဲ အတွင်းလူနာအဖြစ် ဆက်လက်ထားရှိ ကုသပေးနေရတယ်လို့ ဆိုပါတယ်။

အိမ်အကူမိန်းကလေး ၂ ဦးလုံး ခွဲစိတ်ကုသမှုအောင်မြင်ပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကုသပြီးပါက သူမတို့ စိတ်ပါဝင်စားတဲ့ အလုပ်ကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးသွားမယ်လို့လည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။

“ဒီကလေးမလေးတွေက အခြားသူတွေလို မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအရမ်းခံစားခဲ့ရတော့ အရာရာကို ကြောက်ရွံ့ထိတ်လန့်နေသေးတယ်။ အဲအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုသမှု တွေပြုလုပ်ပြီးသွားမှ သူတို့ဝါသနာပါတဲ့ လုပ်ချင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးသွားဖို့ စီစဉ်ထားပါတယ်”လို့ ဒေါ်ယဉ်ယဉ်ပြုံးက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ညှဉ်းပန်းနှိပ်ဆက်ခံရတဲ့ အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေး ၂ ဦးဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ခံစားနေရပြီး အရာရာအပေါ် စိုးရိမ်ထိတ်လန့်နေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

အဲဒီအိမ်အကူ မိန်းကလေး ၂ ဦးကို ညှဉ်းပန်းနှိပ်စက်မှုခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်က မိသားစုဝင် ၆ ဦးကိုတော့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်တရားရုံးထုတ် စစ်ဆေးခဲ့ပြီး အခုဆိုရင် ၇ လ ရှိပြီဖြစ်ပါတယ်။

သတင်း - အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013