DVB Logo
Home
မြန်မာသတင်း
ဝဲကြီးဆည်တမံ ယိုစိမ့်မှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်
DVB
·
March 22, 2017
Donate to DVB

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ထဲက ဝဲကြီးဆည်တမံ ယိုစိမ့်နေတာကြောင့် ဆည်အောက်ဘက်မှာ နေထိုင်သူတွေ စိုးရိမ်ထိတ်လန့်နေပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၁ ရက်နေ့က ဝဲကြီးဆည် တာကျိုးပေါက်နေတယ်ဆိုတဲ့ အသံကြောင့် ဝဲကြီးဆည်အောက်မှာ နေထိုင်ကြတဲ့ သဲမဲ၊ ဖောင်အိုင်၊ မှတ်တိုင်၊ ပေါက်တော၊ နဘဲတုန်း၊ ဇီးအုပ်၊ ဖိုးကောင်တိမ်၊ ရွာသစ်ကြီး၊ ဇီးတော၊ ရှမ်းစပ်၊ ညောင်ပင်စု၊ ကျောင်းစု၊ ရွှေလက်သဲကုန်း၊ မွေကြီးတွင်း၊ ဘုံးမဲဇာ၊ ညှိမပင်၊ ဝဲကြီး၊ ကံငယ် စတဲ့ကျေးရွာတွေမှာ နေထိုင်ကြတဲ့သူတွေ တောင်မြင့်တွေမှာ ရွှေ့ပြောင်းပြီး ညအိပ်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အဲဒီဆည်က ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာလကတည်းက ဆည်တမံ နိမ့်သွားခဲ့တာပါ။ အဲဒီတုန်းကတော့ မိုးတွင်းကာ ဖြစ်တာရယ်၊ ရေများနေတာရယ်ကြောင့် အမိုးမိုးထားခဲ့ပြီး အခု ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့မှာစပြီး နိမ့်တဲ့တမံကို စတင်ပြုပြင်လာခဲ့တာ အခုမှ တယောက်ယောက် ဖွလိုက်လို့ တဆင့်စကားတဆင့်နားနဲ့ ကျယ်ပြန့်ပြီး လူတွေ ထိတ်လန့်ကုန်ကြပြီး ရွာကလူတွေ အုံလာကြတာ။ အခုဟာက ဘာမှစိုးရိမ်စရာ မရှိပါဘူး။ နောက် သူက နဂိုကတည်းက တောင်တွေကို နံရံလုပ်ပြီး ရေထည့်ထားတာ ဘေးနံရံအတွက်လိုတဲ့ မြေသားကပ်ထားတာက ကွာကျတဲ့သဘော ဖြစ်ပါတယ်။ အဲဒါကိုလည်း အခု အမြန်လုပ်နေပါပြီ။ နောက် ၅ ရက်ကြာရင် လုပ်ငန်ပြီးပါပြီ”လို့ တာဝန်ယူ လုပ်ကိုင်နေတဲ့ ဆည်မြောင်းဦးစီးဌာနက ဦစီးမှူး ဦးထွန်းထွန်းဝင်းက ဒီဗွီဘီကို ရှင်းပြပါတယ်။

ဒါပေမယ့် ဆည်နဲ့အနီးဆုံး ၁ မိုင်ကျော်ခန့်မှာရှိတဲ့ အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိတဲ့ သဲမဲကျေးရွာက ဒေသခံတွေကတော့ ညက လူကြီးတွေ၊ ကလေးတွေကို တောင်ကုန်းအမြင့်တွေမှာ သွားနေထိုင်ကြပါတယ်။

“ညက လယ်ထဲကို ရောက်နေတာ။ အိမ်က ဖုန်းဆက်တော့ အမြန်ပြန်တော့ ရွာထဲမှာ လူတွေ အကုန်လန့်ဖျပ်ပြီး ဘယ်ပြေးရမလဲမသိ ဖြစ်နေကြတယ်။ ဒါနဲ့ ဆည်သွားကြည့်တော့ ကြည့်နေရင်းနဲ့ ပြိုပြိုကျနေတာ။ အောက်က ရေကလည်း စိမ့်ထွက်နေတယ်။ လူတွေကလည်း တဖြည်းဖြည်းနဲ့ များလာတော့ အခြေအနေက ပြေးရင်တောင် လွတ်မယ့်အခြေအနေ မရှိဘူး”လို့ သဲမဲရွာက ကိုအောင်ဝင်းက ပြောပါတယ်။

အဲဒီဆည်ကြီးက သက္ကရာဇ် ၂၀၀၀ ခုနှစ်မှာ ဆည်မြောင်းတည်ဆောက်ရေးအဖွဲ့ ၂ က တာဝန်ယူ တည်ဆောက်ခဲ့ပြီး ရေဧကပေပေါင်း ၂၅၂၅၀၀ ခန့် ဆံ့ပြီး ဆည် ၁၀၀ ပြည့်မြောက်တဲ့ ရာပြည့်ဆည် ဖြစ်ပါတယ်။

မေလ ၂၂ ရက်နေ့မှာတော့ ပေါင်းတည်မြို့နယ်က အရပ်ဘက်အဖွဲ့အစည်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ လာရောက်ကြည့်ရှုပြီး ဝိုင်းဝန်းလုပ်ဆောင်နေပြီး မြေတူးစက် ၂ စီး၊ မြေထိုးစက် ၂ စီး၊ မြေသယ်ယဉ် ၄ စီး၊ ရေကား ၁ စီး၊ ဝန်ထမ်း ၃၀ ကျော်နဲ့ လုပ်ကိုင်ဆောင်ရွက်နေပါပြီ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013