
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နယ်စပ် မိုင်တိုင်အမှတ် ၁၂၅၊ ၁၂၆ မှာ ဒီနေ့ မနက်က တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ဒီကနေ့ ၁၂၅ ရော၊ ၁၂၆ မှာရော လက်နက်ကြီးတွေ့ရာ လက်နက်ငယ်တွေရော တအားကြီးချနေတယ်။ မရပ်သေးဘူး။ နေ့တိုင်းဖြစ်နေတော့ သွားတောင်မကြည့်ချင်တော့ဘူး" လို့ နန်းဆန်ဒေသခံ ဝမ်အိုက်တင်က ပြောပါတယ်။
လက်ရှိတိုက်ပွဲက မတ်လ ၆ ရက်နေ့ကနေ ၂၂ အထိ ရှိလာပြီဖြစ်ပေမယ့်လည်း တိုက်ပွဲရပ်တန့်မသွားဘဲ ဆက်လက်ပြင်းထန်နေလို့ နန်းဆန်သတင်းဌာနဖြစ်တဲ့ ကွမ်ပေါ့ကျွေမှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ တရုတ်အစိုးရပိုင် စိုက်ပျိုးရေးဘဏ်က ကိုးကန့်တပ်ဖွဲ့ရဲ့ ဘဏ်စာရင်းကို ပိတ်ထားပြီး အလှူရှင်တွေရဲ့ ထောက်ပံ့လှူဒါန်းငွေတွေကိုလည်း လက်ခံမှာမဟုတ်တော့တဲ့ အကြောင်းကို ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
သတင်း - နိုင်နိုင်၊ ဗီဒီယို- ကွမ်ပေါ့ကျွေသတင်းဌာန










