DVB Logo
Home
မြန်မာသတင်း
ရွှေဆက်မတူးရန် တားမြစ်ထားသော်လည်း ဆက်လက်တူးဖော်နေ
DVB
·
March 22, 2017
ရွှေဆက်မတူးရန် တားမြစ်ထားသော်လည်း ဆက်လက်တူးဖော်နေ
1 / 6
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အောင်ခလိန်ကျေးရွာ-ရွှေထွက်ရှိရာနေရာမှာ ရွှေတူးဖော်နေတဲ့ ဒေသခံရွာသားတဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီးနောက်ပိုင်း အဲဒီနေရာမှာ လာရောက်ရွှေမတူးကြဖို့ ပိတ်ပင်တားမြစ်တာတွေရှိနေပေမယ့် ဒေသခံတွေ ထွက်မသွားဘဲ ဆက်လက်တူးဖော်နေကြပါတယ်။

မတ်လ ၁၈ ရက်နေ့က ဒေသခံရွာသားတဦး သေနတ်နဲ့အပစ်ခတ်ခံရလို့ သေဆုံးသွားပေမယ့်လည်း ရွှေတူးဖော်သူဒေသခံတွေအနေနဲ့ ရပ်တန့်မသွားဘဲ ဆက်လက်ဝင်ရောက် တူးဖော်နေကြတာလည်းဖြစ်ပါတယ်။

“ကျနော်တို့တွေနှစ်ဖက်လုံခြုံရေး ယူထားပေးတဲ့ကြားက ခုလိုဖြစ်သွားတာ စိတ်မကောင်းပါဘူး။ .ခုတော့ကျနော်တို့ လာမတူးကြဖို့ တားမြစ်စာထုတ်ထားပါတယ်။ စာထုတ်ထားပေမယ့်လည်း ဒီနေ့ ၂၁ ရက်နေ့ဆို လူ ၂၀၀ လောက်လာတူးနေကြတုန်းပဲ။ ဒီနေ့လည်းထပ်ပြီး ဒေသန္တာရအမိန့် ထပ်ထုတ်မှာပါ။ အပြီးပိတ်မှာပါ။ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာတော့ မပြောတက်သေးဘူး။”လို့ အဆိုပါဒေသခံကို လုံခြုံရေးယူထားတဲ့ KNUဘက်က ဒေသမှူးစောထူးလေးက ဒီဗွီဘီ ကိုပြောပါတယ်။

“ဟုတ်တယ် ဒီနေ့လုပ်ကွက်ထဲမှာ စာရွက်ကြီးကိုင်ပြီး လာအော်တယ် မတူးကြဖို့။ ရွှေတူးရဖို့ ဆိုရင် ဒီတနေရာပဲကျင်စရာရှိတာလေ။ ဒီမှာက တပ်သိမ်းမြေ၊ KNU နယ်မြေနဲ့ ကုမ္ပဏီပိုင်တွေပဲရှိနေတာ။ ဒီလိုပိတ်မယ်ဆိုရင် ကိုယ့်ခြံထဲ ကိုယ်ကျင်မှပဲရတော့မယ်။ ဘယ်လိုပဲပိတ်ပိတ်၊ ကြိုက်သလောက်ပိတ် ကျနော်တို့က သွားတူးနေမှာပဲလို့ ဒေသခံပြည်သူတွေက ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အောင်ခလိန်ကျေးရွာမှာ ရွှေတွေထွက်ရှိနေတာကြောင့် ဒေသခံရွာသူရွာသားတွေနဲ့ အနီးအနားပတ်ဝန်းကျင်က ပြည်သူတွေ အဆိုပါရွှေထွက်ရှိရာ နေရာကို သွားရောက်တူးဖော်နေကြတာလည်းဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013