
ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်း MITT တံတားကို အမေရိကန်ရေတပ်မှ စစ်ရေယာဉ် USNS FALL RIVER (T-EPF-4) ဒီနေ့ မနက် ၁၀ နာရီက ဆိုက်ရောက်ခဲ့ပါတယ်။
အမေရိကန်ရေတပ်မှ စစ်ရေယာဉ်ကို မြန်မာ့တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်တွေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် ရေတပ်စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်စစ်ရေယာဉ်ကို စစ်ရေယာဉ်မှူး CAPT Stanfield L.Chien ဦးစီးပြီး အရာရှိ၊ စစ်သည် ၁၃၉ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံတွင် မတ် ၂၅ ရက်ထိ ငါးရက်ကြာနေထိုင်ပြီး လေ့လာ လည်ပတ်သွားမှာဖြစ်ပြီး ချစ်ကြည်ရေးအားကစားပြိုင်ပွဲတွေလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။











