DVB Logo
Home
မြန်မာသတင်း
လက်နက်အချို့နှင့် မူးယစ်ဆေးများ ကလေးမြို့နယ်တွင် ဖမ်းဆီး
DVB
·
March 22, 2017
Donate to DVB

မတ်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ကလေးမြို့တောင်ဘက် ၂၇ မိုင်ခန့်ဝေးတဲ့ အင်းဒင်ကျေးရွာအနီး ကကျော်တောတိုက် တဲအတွင်းမှာ မူးယစ်ဆေး ချဲထီလောင်းကစားနဲ့ လက်နက်အချို့ကို အမျိုးသား ၄ ဦးနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ကလေးမြို့ မြို့မရဲစခန်းက ရဲအုပ်သိန်းဆောင်က ပြောပါတယ်။

“မူးယစ်ဆေးဝါး သတင်းရလို့ တပ်ဖွဲ့ဝင်တွေ စုပြီး သက်ဆိုင်ရာ ရပ်ကွက်လူကြီးနဲ့အတူ သွားရှာဖွေတယ်။ အဲ့ဒီမှာပဲ ဘိန်းမည်းရယ်၊ ချဲစလစ်တွေရယ်၊ နောက်ပြီး လက်နက်နဲ့ လက်နက် အသုံးပြု ခဲသီးယမ်း အဲဒါတွေကိုပါ တွေ့ခဲ့တယ်။ အဲဒီမှာရှိတဲ့ အမျိုးသား ၄ ဦးကိုလည်း တခါတည်း ဖမ်းဆီးမိခဲ့တယ်” လို့ ရဲအုပ်သိန်းဆောင်က ပြောပါတယ်။

ဖမ်းဆီးရမိမှုမှာ ဘိန်းမည်း ၃ ဒသမ ၇ ဂရမ်၊ ဘိန်းမည်းအသုံးပြုရာမှာ သုံးစွဲတဲ့ အကူပစ္စည်းတွေနဲ့ ချဲထီစလစ် ၃ ရွက်၊ အရှည် ၄ ပေကျော်ရှိတဲ့ လက်လုပ်သေနတ် တူမီး ၂ လက်၊ ကျည်ခဲသီး ၂၅ လုံးနဲ့ ယမ်း ၆၅ ဂရမ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဘိန်းမည်း၊ ချဲထီနဲ့ တူမီးသေတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရသူတွေကတော့ ဇာဝီ(ခ) စောသိန်းထွေး၊ စိုးမင်းသန်း၊ ဇော်မြင့်နဲ့ အောင်ဝင်းဆိုတဲ့ အမျိုးသား ၄ ဦးကို လောင်းကစားပုဒ်မ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ အပြင် တရားမဝင်လက်နက် ကိုင်ဆောင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မတွေ စတာတွေနဲ့ ရဲအုပ်သိန်းဆောင်က တရားလိုပြုပြီး အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013