DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းကားကြီးကွင်းအတွင်းရှိ လောင်စာဆီဆိုင် မီးလောင်
DVB
·
March 22, 2017
Donate to DVB

စစ်ကိုင်းမြို့ မရှိခဏဘုရားအနီး ကားကြီးကွင်းအတွင်း ရောင်းချနေတဲ့ တိုင်းကျော်အမည်ရှိ လောင်စာဆီဆိုင်မှာ မတ်လ ၂၁ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားရတာဟာ ဆိုင်ကယ် ဓာတ်ဆီဖြည့်ရာမှ ဖြစ်ပွားရတယ်လို့ သိရပြီး မီးငြှိမ်းသတ်တဲ့အထဲမှာ မီးသတ်တပ်ဖွဲ့ဝင်အင်အား ၁၅၀ ကျော်ရှိတဲ့အနက် တပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရရှိသွားပါတယ်။

ဒဏ်ရာရရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကတော့ စစ်ကိုင်းဆေးရုံကြီးမှာ ဆေးကုသမှုခံယူရပေမယ့် စိုးရိမ်စရာ အခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။

မီးလောင်ကျွမ်းရာမှာ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ရပ်ကွက်အရံမီးသတ်တပ်ဖွဲ့အပါအဝင် မြို့ခံပြည်သူတွေပူးပေါင်းပြီး မီးသတ်ရေယာဉ် ၁၉ စင်းဖြင့် ငြှိမ်းသတ်ခဲ့ရပါတယ်။

မီးလာင်ကျွမ်းမှုကို ၁ နာရီကျော် ငြှိမ်းသတ်ခဲ့ရပြီး လောင်ကျွမ်းမှုကြောင့် ဆုံရှုံးမှုတန်ဖိုး ၄၅ သိန်း ကျော်ရှိတယ်လို့ သိရပါတယ်။

မီးလောင်မှုန့ပတ်သက်ပြီး ဆီဆိုင်ပိုင်ရှင် ဦးကိုဦးကို စစ်ကိုင်းမြို့နယ်ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013